အပိုင်း (၂၅) (ဇာတ်သိမ်း)

Start from the beginning
                                    

အလာကောင်းပေမဲ့ အခါနှောင်းခဲ့ပါရဲ့။ကြွေလွင့်ချိန်မတန်သေးသည့် သစ်ရွက်စိမ်းကလေးဟာ လူတစ်ချို့၏ ပရောဂကြောင့် ညှာတံစိမ်းစိမ်းဘဝကလေးနှင့်ပင် ကြွေလွင့်ခဲ့ရသည်။ပန်းတွေချစ်သည့်မိန်းကလေး၊ပန်းအဓိပ္ပါယ်တွေပြောပြသည့်မိန်းကလေး၊ပန်းချီတွေဆွဲရတာ ဝါသနာပါသည့်မိန်းကလေးဟာ မေ၂၇ရက်ရဲ့ညနက်နက်အချိန်တစ်ခုမှာ ဒီလောကကနေထွက်ခွာသွားခဲ့သည်။သူချစ်တဲ့သူတွေ၊သူချစ်တဲ့အရာတွေ၊နောက်ပြီးသူမြတ်နိုးတဲ့ ဇီဇဝါပန်းတွေ၊ဒါတွေအားလုံးကိုထားပြီး နေရာသစ်တစ်ခုကို ထွက်ခွာ ပျောက်ကွယ်သွားခဲ့သည်။ပန်းတွေကြွေပေမဲ့ ရနံ့မပြေသလို ထိုမိန်းကလေးကြွေလွင့်ခဲ့ပေမဲ့ သူ့ကို သတိရနေကြမှာအမှန်ပင်။
---
နှစ်လခန့်ကြာပြီးသည့်နောက်

"နောက်ဆုံးတော့ အရာအားလုံးပြီးဆုံးသွားခဲ့ပြီနော် အန်တီ၊ဟယ်ရီတို့မျှော်လင့်ခဲ့ရတဲ့နေ့ကလေးရောက်ရှိသွားခဲ့ပြီ"

"ဟုတ်ပါရဲ့ကွယ်၊အန်တီတော့ မနေ့တစ်နေ့ကလိုထင်နေတုန်းပဲ။"

"အန်တီကြောင့် တရားခံတွေကိုအပြစ်ပေးနိုင်ခဲ့တာ"
"အန်တီကြောင့်ရယ်တော့ မဟုတ်ပါဘူး။အကုန်လုံးကြိုးစားခဲ့ကြတာလေ။တစ်ချို့ဆို အသက်တွေတောင်ပါသွားကြတယ်မလား"

ခြံစည်းရိုးစပ်တွင် အပွင့်တို့ဝေဆာစွာဖြင့်တည်ရှိနေသည့် ဇီဇဝါပင်တွင် အန်တီ့အကြည့်တို့ အတန်ကြည့်တို့ ရပ်တန့်နေသည်။သစ်လွင်ကိုသတိရမိပြန်ပြီထင်ပါရဲ့။သူ့ကိုယ်သူ အပြစ်တင်နေသည်မလို့ ဟယ်ရီတို့မနည်းဖြောင်းဖြခဲ့ရတာပင်။

"တကယ်တော့ လူကဲခတ်ညံ့တာက သူမဟုတ်ပဲ တို့ဖြစ်ခဲ့တာပဲ"

"ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေပါနဲ့၊အကယ်ရျ် အပြစ်တင်မယ်ဆိုလည်း ဟယ်ရီ့ကိုပါ အပြစ်တင်လိုက်ပါ။အန်တီတင်မဟုတ်ဘဲဟယ်ရီပါ လူကဲခတ်ညံ့ခဲ့တာမလား"

"တို့ကြိုသာသိခဲ့ရင် သစ်လွင်ကို ဆုံးရှုံးခဲ့ရမှာမဟုတ်ဘူး။သူ့ကိုလည်း ကာကွယ်ပေးခဲ့မှာ။ဒါပေမဲ့...ဒါပေမဲ့ တို့ သိပ်ညံ့ခဲ့တယ်"

ပြောရင်း ရှိုက်ငိုနေပြန်ပြီမလို့ ဟယ်ရီ ဖက်ထားလိုက်မိသည်။ဟယ်ရီ့ရင်ခွင်ထဲ ခေါင်းတိုးဝင်ရင်း ငိုသည်မှာ ဘယ်နှစ်ကြိမ်ရှိခဲ့ပြီလဲမမှတ်မိတော့။ချန်ခဲ့သူနဲ့ကျန်ခဲ့သူမှာနှစ်ဘက်စလုံး နာကျင်ရတယ်ဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်နဲ့ကျန်ခဲ့ရသူက ပိုပြီး နာကျင်လိမ့်မည်ထင်သည်။နှစ်တွေအကြာကြီး အတူရှိခဲ့ကြတာမလို့ ဟယ်ရီ့အတွက်လည်း ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါပဲ။တစ်နေ့နေ့မှာတော့ အန်တီလည်း အဆင်ပြေလာဖို့မျှော်လင့်မိပါသည်။

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now