Part-5( Uni + Zaw)

Start from the beginning
                                        

================================

Zaw

(အပိုင်း-၅)
* * *
ဟိုတဏှာရူးရှေ့ကနေ မြန်မြန်ပြေးထွက်ခဲ့တာ
ဈေးရှေ့တောင် ရောက်လာပြီ။အဲ့ကောင်အကြောင်းခင်သိန်းသိတာပေါ့ လူပုံက သန့်သန့်ပြန့်ပြန့်နေပြီး အစွယ်ဖုံးနေတဲ့အကောင်။ ဈေးကတော့ မြို့သစ်ဈေး(အခုတော့မြန္ဒာဈေးလို့လဲ ခေါ်ပါတယ်)။ ဈေးကတော့ ကျယ်တယ် ကြီးတယ်။ ကုန်စိမ်း ကုန်ခြောက် အစုံရတယ်။ မနက်ဈေးဆိုပေမဲ့ ညနေကျတော့လဲ ဈေးသည်နည်းနည်းထွက်တော့ ၀ယ်ရခြမ်းရတာ အဆင်ပြေတာပေါ့။ ဥပုသ်နေ့ဆိုတော့ ဈေးထဲ လူတွေက အများသားပဲ။

နေပါဉီး ခင်သိန်းအရင်ဝယ်ရမှာက ဆန်။
ဆန်ကလဲ အကောင်းမစားနိုင်ဘူး။ မနော တပြည် ၁၀၀၀တန်ကို ပေါ်ဆန်းမွှေး ၄ဗူးနဲ့ ရောစားရတာပေါ့။ တပတ်စာဆိုတော့ မနော ၃ ပြည်နဲ့ ပေါ်ဆန်း ၁ပြည် လောက်ဝယ်ကာမှ အလောက်ပဲ။

"အစ်မရေ မနော် ၁၀၀၀တန် ၃ပြည်နဲ့ ပေါ်ဆန်း ၁ပြည်လောက်"

မြန်ဆန်တဲ့လက်တွေနဲ့ ဆန်တွေကို ချိန်သွားတာ ခဏ လေးပဲ ။ အင်းလေ ဈေးရောင်းလာတာကြာတော့လဲ လက်ပေါ်က လက်ကောက်တွေတောင် တော်တော်များနေပြီ တကောက်ကွေးတောင်ရောက်တော့မယ်။
ဆန်ထည့်တာလောက်တော့ ခဏပေါ့။

"၄၅၀၀ပါ"

အို...ဘယ်ဟာက ဈေးတက်ပါလိမ့်။ ပေါ်ဆန်းပဲထင်တယ်။အရင်တပတ်ကမှ ၁၂၀၀မလား။ ဆန်တွေကို အရင်ကဈေးမှတ်လို့ ရောထည့်ခိုင်းလိုက်တာ။ ပြန်နှုတ်လို့လဲမရတော့။ ပြောလိုက်ရင်လည်း အရှက်က ၂ခါကွဲအုံးမယ်။
အရင်ကလည်း ဈေးတက်သွားလို့
"ဈေးတက်သွားတယ်နော် "လို့ ​ပဲ
ပြောလိုက်တာကို
တစ်ဈေးလုံးကြားအောင် လက်ခုပ်ကျယ်ကျယ်တီးပြီး အော်လိုက်တာ
"အခြောက်မ မစားနိုင်တဲ့ဆန် စားပြီး ကြက်တွန့်တက်မနေနဲ့တဲ့၊မ၀ယ်နိုင်ရင် ဆကွဲစား"
ကျယ်နိုင်တဲ့ကောင်မတွေလေ ။ မငွေခင် မရွှေခင်တွေကိုး။ အဲတုန်းကလဲ ရှက်လိုက်တာ မျက်နှာကို ထမင်းရည်ပူသလိုပဲ။
အခုလည်း ထပ်အော်လိုက်ရင် မိအေး ၂ခါနာမဟုတ်တော့ဘူး။ မိခင်သိန်း ၂ခါ အရှက်ကွဲနေလိမ့်မယ်။
အာကျယ်မကြီးလက်ထဲ ဆန်ထုပ်လေးကိုယူ
တစ်ထောင်တန်လေးရွက် ငါးရာတန် တစ်ရွက်​ပေးပြီး ဆီဆိုင်ဘက်ကို လှည့်ထွက်ခဲ့တယ်။
ဆီကတော့ ဈေးမတက်သေးပါဘူး။ ၁ပိဿာ၅၀၀၀ ၊ ၅၀သားပဲ ၀ယ်ခဲ့လိုက်တယ် ။လောက်ကောင်းပါရဲ့ မလောက်တော့လဲ လျော့ခတ်ရုံပဲ။၂၅၀၀ရယ် ၄၅၀၀ရယ် ၇၀၀၀တော့ကုန်ခဲ့ပြီ။

လွတ်လပ်ခွင့် ( Uni + Zaw)Where stories live. Discover now