မီးသွေးအိတ်ကို ခေါင်းပေါ်တင် ၊ ဆန်အိတ်ကို ခါးတင်ခွတင် လက်တစ်ဖက်ကခြင်းတောင်းကို ဆွဲပြီး မိခင်သိန်းတစ်ယောက် စျေးက ပြန်ခဲ့လေပြီ။
_______________________________
ခြေသံ တရှပ်ရှပ်ကြားသည်နှင့် ဒေါ်တင် ခေါင်းတောင်လိုက်သည်။သားစျေးသွားတာ ပြန်လာလောက်ပြီ ။ စျေးက အပြန် ဘာက တော့ စျေးတက်တယ် ဘာလို ဘယ်ချမ်းသာ ဆိုတာ မမောမပန်း အိမ်ရောက်တာနဲ့ ပြောပါလိမ့်မယ်။လူရှေ့ သူရှေ့ဆို မညည်းဘူး အိမ်ရောက်မှ ညည်းတာ သူ့အကျင့်။
"စျေးကပြန်လာပြီ"
ခင်သိန်းအသံမပေးခင်ကတည်းက အမေ့က ထနေတာ နောက်ကျနေလို့ မျှော်နေတာထင်ပါ့ ။ ခင်သိန်း ခေါင်းပေါ်က အထုပ်တွေကို အမေ့ရှေ့နားချပြီး အမေကို စျေးတက်တဲ့အကြောင်း ညည်းညူတော့သည်။
"ဆန်ကလဲ တက်ပြန်ပြီ အမေရေ"
ဆန်စျေးတက်တာကနေစပြီး အချိုမှုန့်ကဘယ်လောက် ၊ ဆားက ဘယ်လို ဆိုပြီး မိခင်သိန်းရဲ့ ညည်းညူမှုဇာတ်လမ်းကြီးစတင်ပါပြီ။ ဒေါ်တင်ကတော့ သူ့ပြောသမျှ ခေါင်းငြိမ့်ရုံသာ။ စျေးကအပြန် မမောနိုင် မပန်းနိုင် သူမှ ညည်းနိုင်သေးတယ်။
"မင်း မမောဘူးလားအေ" လို့ သွားမပြောလိုက်နဲ့ "အမေကလည်းတော်" ဆိုတဲ့စကားကို အသံသြသြကြီးနဲ့ အော်ပါလိမ့်မယ်
"အမယ်လေး မောလိုက်တာတော် ...
ဟင်းသွားချက်တော့မယ်"
ညည်းပြီးသွားရင် မောပြပါလိမ့်မယ်။
ပြီးရင် တစက်တည်း ဟင်းချက်မဲ့အကြောင်း ဖောက်သည်ချ ပါအုံးမယ်။
အမဲကြောလေးကို ဆီလည် ရေလည်လေးတဲ့
ဘူးရွက် ဟင်းချို ၊ နှမ်းပတ်ချဥ်သုပ်မယ်တဲ့
အပြောနဲ့တင် သွားရည်ယိုနေပါပြီ ခင်သိန်းရယ်။ အဲ့လိုပြောပြီး မေးသေးတာ
"အမေကြိုက်တယ်မလားတဲ့"
ခေါင်းလေးငြိမ့်ပြလိုက်မှ။ မဟုတ်ရင် မကြိုက်ဘူးပြောလို့ တမျိုးမဟုတ် တမျိုး ဟင်းတွေကို စဥ်းစားပြီး ပြောပါလိမ့်မယ်။
တခါက"အမေမကြိုက်ပါဘူး"လို့ သူ့ကို စလိုက်မိတာ စိတ်တွေဆိုးပြီး ဟင်းတွေကို အစုံပေါင်းချက်လာတာ ကိုယ့်မှာ ရယ်ရခက် ငိုရခက်နဲ့။ အခုလဲ ခေါင်းငြိမ့်လိုက်လို့ ပျော်ပြီး ဟင်းသွားချက်ဖို့ ပြင်နေလောက်ပြီ။
YOU ARE READING
လွတ်လပ်ခွင့် ( Uni + Zaw)
Non-Fictionမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။
Part-5( Uni + Zaw)
Start from the beginning
