အရင်ဘဝက ရေးလ်ဟာ ရွေးချယ်ခံဓားသူရဲကောင်းမဖြစ်ခဲ့ပေ၊ဒီဘဝမှာ​တော့ လမ်းမှန်ရောက်ခဲ့သလို မကောင်းတဲ့လုပ်ရပ်တွေလည်း လုပ်ဖို့မလိုအပ်တာကြောင့် သန့်စင်မြင့်မြတ်လှတဲ့ရေးလ်ရဲ့နှလုံးသားဟာ စွန်းထင်းခြင်းကနေ အကာအကွယ်ပေးခဲ့တာကြောင့် ရွေးချယ်ခံရခြင်းသာဖြစ်သည်။
ရေးလ်ဟာ အံ့အောနေတဲ့သူတွေကို လှည့်ကြည့်လိုက်ပြီးနောက်မှာ ဘာဖြစ်တာလဲဆိုတဲ့ အမူအရာဖြင့် စိုက်ကြည့်လာတော့သည်၊ရစ်နိုလ်တို့ဟာ ရေးလ်အနား လျှောက်လာပြီးနောက်မှာ ပခုံးကိုလှမ်းဖက်လိုက်ပြီး ဝိုင်းမေးကြတော့သည်၊
ရေးလ်ဟာ နှာခေါင်းကိုပွတ်လိုက်ပြီး​နောက်မှာ အရင်တစ်လကစတင်သိရှိခဲ့ပြီး ရွေးချယ်ခံအလင်းအော်ရာကို လေ့ကျင့်နေဆဲဖြစ်ကြောင်းနဲ့ အသုံးချတတ်တာမကြာသေးကြောင်းပြောလာတော့သည်၊ဒါပေမယ့် ရေးလ်ရွေးချယ်ခံရတာကိုက အခြားဓားသူရဲကောင်းတွေအတွက် အားကျဖွယ်ဖြစ်နေပြီ၊
ထိုနောက်မှာတော့ သူတို့ဟာ တောအုပ်ကြီးကနေတဆင့် နောက်ထပ်ရွာတစ်ရွာကို ရောက်လာတော့သည်၊ရွာဟာ အနည်းငယ်တိတ်ဆိတ်နေပြီး လူသူကင်းမဲ့နေသည်၊ဒီလိုဖြစ်စဉ်ဟာ မထူးဆန်းလှပေ၊နတ်ဆိုးသားရဲတွေ အမြဲတမ်းသွားလာလှုပ်ရှားနေတတ်သည့်ပတ်ဝန်းကျင်တွေ ဘယ်လိုလုပ် သာမန်လူတွေဟာ ကြာရှည်စွာနေနိုင်မည်နည်း၊
"ဒါက တျက်စရစ်အင်ပါယာအလံပဲ" ရွာရဲ့အလယ်မှာ ကြီးမားတဲ့အလံကြီးတွေ့ရပြီး ကျားတစ်ကောင်ဟာ စိန်တုံးတစ်တုံးကိုကိုက်ချီထားပြီး ဘေးနံတွေမှော်စက်ဝိုင်းလေးခုတည်ရှိနေသည်။
"ကျွန်တော်တို့ တျက်စရစ်အင်ပါယာနယ်စပ်ကို ရောက်နေတာပေါ့" သူတို့အင်ပါယာကတော့ တံတိုင်းကြီးတွေနဲ့ခြံခတ်ထားပြီး တျက်စရစ်အင်ပါယာကတော့ ထိုသို့လုပ်ထားပုံမရပေ၊ဒါပေမယ့် အလံကနေ အလင်းစွမ်းအင်တွေ ဖုံးအုပ်နေပြီး ရွာကို ကာကွယ်ထားသည်ကိုတော့ ခံစားရသည်၊
တျက်စရစ်အင်ပါယာဟာ အလင်းစွမ်းအားအခြေပြုအင်ပါယာဖြစ်ပြီး သူတို့ဟာ နတ်ဆိုးသားရဲတွေကို ဂရုမစိုက်သည့်အင်ပါယာဖြစ်သည်၊လွှတ်လပ်ပြီး ကြောက်ရွံ့မှုမရှိသောအင်ပါယာဆိုတဲ့နာမည်နဲ့ တကယ်ကိုပင် ကိုက်ညီလှသည်။