Part - 2(Uni +Zaw)

Start from the beginning
                                        

ဇာတ်ကားပြီးမှ ပြန်တော့ ညဥ့်ကနက်ရောပဲ
ဆယ်နာရီကျော်လောက်ပြီ။ မပူပါဘူး အိမ်က တစ်အိမ်ကျော်လေးပဲကို။ လလေးကတော့ သာနေတယ် ။ ဘာလပြည့်လဲတော့ ခင်သိန်းမသိဘူး။ ခင်သိန်းတို့သိတာ အဖိတ်နေ့ပဲ ပိုက်ဆံရှင်းမဲ့ရက် ဒါပဲ သိတယ်။ ဘာလပြည့် ညာလပြည့်ဆိုပြီး တကူးတက မမှတ်တော့ဘူး။

အိမ်ထဲရောက်တော့ အမေ ဘာစမ်းနေတယ်မသိဘူး ဟိုစမ်း ဒီစမ်းနဲ့။တော်ပါသေးရဲ့ ဒီနေ့မီးမှန်လို့ မဟုတ်ရင် ဖယောင်းတိုင်ရှာရနဲ့ ကတိကထ များအုံးမယ်။မီးကလဲ မချီးကျူးရဲဘူး အရူးလင်တော်ထားရသလိုပဲ ဖျတ်တနဲလာလိုက် ဖျတ်ခနဲ ပျက်လိုက်နဲ့။

"အမေ ဘာလုပ်ချင်လို့လဲ"

"အိုအေ ငါရှူးပေါက်ချင်လို့"

"သြော် ခဏလေး ခဏ သေးအိုးယူပေးမယ်လေ"

"နေစမ်းပါအုံး မင်းက အခုမှ ပြန်ရောက်သလား ဘယ်အချိန်ရှိပြီလဲ"

"မနက်ဖြန် ဥပုသ်နေ့လေ ဒါကြောင့် နောက်ကျအောင်ထိ နေတာပါ ကဲပါ ပေါက်ပြီးလဲ အိပ်ပါတော့"

အိပ်ယာထဲ တစမ်းစမ်းနဲ့ အမေပြန်မှေးနေပြီ။
တော်တော်ကြာ အမေအိပ်လောက်ပြီဆိုမှ ခင်သိန်း အမေ့ကုတင်ဘေးကနေ ထလာခဲ့တယ်။

မနက်ဖြန်အတွက်တော့ ဆန်ဆေးထားစရာမလိုဘူး။ အိပ်ယာနိုးမှ ထမင်းအိုးတစ်လုံး အေးဆေးထတည်ပြီး အကြော်လေး၀ယ်ပြီး သားအမိနှစ်ယောက်စားရုံ။ အင်း မနက်ဖြန် အမေ့ကို ဆေးခန်းပြရအုံးမယ်။ လိုအပ်တဲ့ ဆီလေး ဆန်လေး ၀ယ်ခြမ်းရအုံးမယ်။ နောက်ပြီး အိမ်လခ။
အို တော်ပါတော့ အိပ်ချိန်လေးတော့ အိပ်ပါရစေပါအုံးတော်။

အိပ်ယာခင်း၊ ခြင်ထောင်တောင်ပြီး ခင်သိန်းမအိပ်နိုင်သေး ဘုရားရှစ်ခိုးရအုံးမယ်လေ။
အမေက ပြောဖူးတယ်
"မင်းဒီလိုဖြစ်နေတာ အရင်ဘ၀ သူများသမီးပျိုကို စော်ကားခဲ့လိုတဲ့ ၊ ၀ဋ်ကြွေးတဲ့ "

အိုတော် အရင်ဘ၀ကကောင် သူ့ဘာသာ မနေနိုင်မထိုင်အားယားပြီး စော်ကားတာလေ
အခုကျ ခင်သိန်းက ခံရရိုးလား။
အရင်ဘ၀ကအကောင် အပြင်မှာတွေ့လို့ကတော့ "သူတောင်းစားနင်လားဟဲ့ ဆိုပြီးပါးကို ဆွဲရိုက်ပစ်အုံးမယ်။"

လွတ်လပ်ခွင့် ( Uni + Zaw)Where stories live. Discover now