Part - 2(Uni +Zaw)

Start from the beginning
                                        

ကြည့်ရတယ်ဆိုပေမဲ့လည်း သူတို့ပြတာကြည့်ရတာ ။ တစ်ယောက်က ကိုရီးယားကားပြောင်းသွားလိုက်။ ဟော နောက်တစ်ယောက်က အင်္ဂလိပ်ကားပြောင်းသွားလိုက်။ ကာတွန်းကားပြောင်းသွားလိုက်နဲ့ ခင်သိန်းတို့ မျက်စိ နတ်ပူးနေသလိုပဲ။ ဒါ တောင် သူတို့စိတ်မထင်ရင် ပိတ်ပစ်လိုက်သေးတာ။ အဲချိန်ဆိုရင် ပုဆိုးကို အသာမ ပြီးအိမ်ပြန် အိပ်ရုံပေါ့။ သူတို့ပစ္စည်း သူတို့စိတ်လေ ဘယ်တက်နိုင်ပါ့မလဲ။

ဒီနေ့တော့ ထူးထူးခြားခြား မြန်မာကားဖွင့်ထားလို့ပါလား။ဟာသကားလားပဲ
ပြေတီဦးသက်မွန်မြင့်တို့နဲ့
ပန်းရံထဲကြားခဲ့တဲ့ နာမည်ကြီးနေတဲ့ကား
ကျောက်သင်ပုန်းနဲ့ မိုးထားတဲ့ဘာဆိုလား။
ဒီည မိုးချုပ်ရင် ချုပ်ပါစေတော့ ဒီကားပြီးမှပြန်မယ်။

"ခင်သိန်း လာပါအုံး ငါအကြောတွေတက်နေတယ်။ ကျွတ် ကျွတ် ကျွတ် မနက်က ဒံပေါက်ရယ်... နေ့လယ်က ငရံ့ခြောက်လေးရယ်..ညနေကျတော့ သုံးထပ်သားလေးရယ် စားလိုက်တာ တက်လိုက်တဲ့အကြော ဟင်း ဟင်း..."

ရောက်လာတဲ့ စပါပြီတော်။ ညောင်းနေလို့ လာနှိပ်ပေးပါအုံးလို့ပြောရင်ပြီးရောပေါ့ဒံပေါက်တွေ ငါးရံ့ခြောက်တွေနဲ့တော်တော်ကြွားလုံးထုတ်တဲ့ အဘွားကြီး သူတို့စားနိုင်တာသိပါတယ် ။ စိတ်ရှိတိုင်းသာဆို
"တော်ဘာသာစားတာ သေပေါ့ "
လို့ ​ပြောလိုက်ချင်တာ ပါးစပ်ကိုယားလို့ ။ အဲလိုသာပြောလို့ကတော့ မိခင်သိန်းရဲ့ပါးပေါ် လက်ရောက်ပြီး အခုကြည့်နေတဲ့ကားကိုမဟုတ်ဘူး တီဗီကြည့်ခွင့် ရာသက်ပန် ပိတ်သွားလိမ့်မယ်။ ခင်သိန်းတို့ ဒါ တော့ လည်ပါ့။ လက်လေးက ကုပ်ကိုနှိပ်ပေးရင်း

"ဟုတ်ပါ့ ဒေါ်ရွှေမြင့်ရယ် အကြောတွေ တင်းနေရော ဘာသော ညာသော" နဲ့ လုပ်ပေးမှရယ်။

______________________________

ဇာတ်ကားပြီးတဲ့အထိကြည့်လိုက်တာ မျက်လုံးတင်မဟုတ်ဘူး လက်ပါညောင်းရောပဲ။ ဆက်တိုက်နှိပ်ပေးရတာ ကျွတ် တစ်ချက်မသတ်ဘူး။ ဇာတ်ကားကတော့ တော်တော်ရယ်ရတာ မျက်ရည်တောင်စို့တယ်။ မနက်ဖြန် က ဥပုသ်နေ့ ။ အလုပ်ဖွင့်တဲ့ရက်ကျ ကြွားလို့ရပြီ။ဟိုကောင်မ တင်အေးတို့တွေက ထွေလာပဲကြည့်ဖူးပြီး ဆရာမကြီးလိုလိုနဲ့ ညနေက ပြော​ပြနေတာ အခု ခင်သိန်းတို့က တစ်ကားလုံးကြည့်ခဲ့ပြီ ဒီကောင်မပြောတုန်းက ပါးစပ်အဟောင်းသားနားထောင်ခဲ့ရတာ အခု သူတို့ပြန်နားထောင်ရမဲ့အလှည့်။

လွတ်လပ်ခွင့် ( Uni + Zaw)Where stories live. Discover now