Part - 1(Uni + Zaw)

Start from the beginning
                                        

ဟော မြို့သစ်စျေးတောင်ရောက်လာပြီ။ စျေးတောင် သိမ်းပါရောလား။ နေပါအုံး အမေ့အတွက် သပွန်းလေးချက်ကျွေးရအောင် အရိုးလေး အရွတ်လေး ၀ယ်အုံးမှ။
ကြက်လည်ရိုးလေး ငါးရာဖိုးဆို သားအမိနှစ်ယောက် ဗိုက််ရိုက်စားလို့ရတယ်။
မနက်ကျ ထမင်းချိုင့်တောင် ပြန်ထည့်လို့ရတယ်။ ကဲ သွက်သွက်လျှောက် မိခင်သိန်းရေ...
_______________________________

အို...

လမ်းထဲ အ၀င် အိမ်ရှေ့က မြင်ကွင်းအောင်
အလုပ်ကပြန်လာသူ ခင်သိန်း ရင်ဘက်ကို ခြေထောက်နဲ့ စောင့်ကန်လိုက်သလိုပဲ။ပြာပြာသလဲ မျက်ရည်တောင် စို့ချင်ချင်။

အိမ်ရှေ့၀မှာ ဗွက်အိုင်ထဲ လဲနေတဲ့အမေ
မမြင်မကန်းနဲ့ သားအလာ နောက်ကျလို့ ထွက်ကြိုရှာတာ ထင်ပါရဲ့။
ဘေးနားက လူတွေကလဲ မျက်မမြင်ကြီးကို တွဲထူဖို့ နေနေသာသာ ကြိတ်ရယ်နေကြသေးတယ်။ ဘယ်လိုလူတွေပါလိမ့်။
မသန်သူကို ကူညီကောင်းပါတယ်။ စောင့်ရှောက်ကောင်းပါတယ်။ ခင်သိန်းကြောင့် မပတ်သတ်ချင်ရင်တောင် အမေ့ကိုတော့ ဒီလိုဖြစ်နေချိန် ကူညီကောင်းပါတယ်။ မကူညီချင်နေပါအုံး မျက်ကွယ်ပြုထားလိုက်လေ အခုတော့ လှောင်ရယ် လှောင်ပြုံးတွေနဲ့...

ခင်သိန်းအမေ့ဆီ အပြေးလေးသွား၍
"အမေရယ် ဘာလို့ ထွက်စောင့်နေတာလဲ
အခုတော့ ချော်လှဲနေပြီ မမြင်မကန်းနဲ့ ထွက်မစောင့်ပါနဲ့ "

"မင်းမလာသေးလို့ တခုခုဖြစ်မှာ စိတ်ပူလို့ပါကွယ်"

ခင်သိန်းအမေ့ကို တွဲထူပြီး နောက်ခါမစောင့်ဖို့ သူ့ကိုစိတ်မပူဖို့ အ၀တ်လှဲပေးပြီး တရားချရအုံးမယ်။ ဘေးက လူစိတ်မရှိတဲ့ သေနာကျတွေကိုတော့ မျက်စောင်းရဲရဲထိုးပြီးတော့ပဲ ခင်သိန်း နှုတ်ဆက်လိုက်မယ်။
ရန်တွေ့ဖို့ မအားသေးဘူးလေ အမေ့စားဖို့ ချက်ရပြုတ်ရအုံးမယ်။ လျှော်ရဖွက်ရ အုံးမယ်လေ...။

================================

(Zaw)

လွတ်လပ်ခွင့်(အပိုင်း-၁)
* * *
"အခြောက်ကြီး ..."
"ရှောက်သီးဆေးပြား ပါလားဗျို့..."
"အခြောက်မ ဖင်ဆုံကြီး မြင်းလုပ်လို့စီး..."

အို ကလေးတွေ တော်တော်ခက်ပါ့လား။
အလုပ်သိမ်းတာ နောက်ကျလို့ မြန်မြန်လျှောက်ရပါမယ်ဆိုမှ ဒင်းတို့တွေက တမှောက်။ အိမ်မှာ အမေက မျှော်နေလိုက်ပြီ။
ဒီစနောက်တဲ့ အသံတွေက ခင်သိန်း နားယဉ်နေပါပြီ။ မမုတော့ပါဘူး။

လွတ်လပ်ခွင့် ( Uni + Zaw)Where stories live. Discover now