မွေးကာစကတည်း ယောက်ျားလေးပဲ
ဘယ်လိုလုပ် မိန်းမဖြစ်ချင်သွားလဲတော့ မသိ။ ငယ်ငယ်ကတည်းက သူများတွေ သေနတ်အရုပ်တွေ ရှူးရှူး ဒိုင်းဒိုင်းနဲ့ ဆော့နေချိန် ဘိုမရုပ်လေးကို ဆံပင်လေး ဖြီးပေးလိုက် အ၀တ်လေး၀တ်ပေးလိုက်နဲ့ ဆော့နေကြ။
၁၀နှစ်လောက်ရောက်တော့ အိမ်က တဘက်တွေကို ဆံပင်လုပ်ရတာအမော။ ငယ်ငယ်က ဘိုမရုပ်နဲ့ဆိုတာတော့ မဆူမရိုက်ပေမဲ့ ဒီလိုဆော့တော့ အဖေနဲ့ အစ်မတွေက ရိုက်တယ်။
ဆော့တိုင်းရိုက်တာ အဲ့တော့ ခိုးဆော့ရတာပေါ့။ မီရင်တော့ မလွယ်ဘူး။ ဒါမဲ့ ရိုက်တုန်းရိုက်ပဲ ပြီးရင် အဲလိုပဲ ပြန်ဆော့ချင်တာ။
အမေကတော့ မရိုက်ဘူး ပါးစပ်နဲ့ပဲပြောတာ
"ငါ့သား အဲ့လိုမဆော့ရဘူး ဘာညာပေါ့"
ဒါမဲ့ အမေရယ် သားကိုက ဒီလိုပဲဆော့ချင်နေတာကိုး။
ကျောင်းတက်တော့လဲ ဒီတိုင်းပါပဲ။ ကနွဲ့ကလျပဲ။ ကျောင်းက ကောင်တွေက စတာပေါ့ ။
နေကြစမ်းပါအုံး နွဲ့နေတဲ့ငါတို့က စနောက်စရာ သတ္တဝါတွေလား။ ပြီးတော့ အခြောက်တဲ့။ သူများမယားနဲ့ ခိုးပေါင်းနေတဲ့ အရက်သမားငစိန်ကိုကျ လည်ပင်းဖက်ပေါင်း
ယောက်ဖဆိုပြီး အမြုပ်ထွက်အောင် ခေါ်ပြီး
အမေ့လုပ်ကျွေးနေတဲ့ငါကိုကျ အခြောက်လို့ ကပ်ပွန်းတပ်ပြီး နှာခေါင်းတရှုံ့ရှုံ့ မျက်စောင်းတခဲခဲနဲ့။ အခြောက်ဆိုတော့လဲ အခြောက်ပေါ့ ဘာအရေးလဲ။
သြော် ပြောရအုံးမယ် အခြောက်အချင်းချင်းတောင်မတူဘူးတော့။ တောင်ဘက်က တိုက်နဲ့နေတဲ့ မိတ်ကပ်လိမ်းတဲ့ အောင်စွာကိုကျ မာမီစွာတဲ့။ လူတွေများ ပိုက်ဆံရှိရင်လေ လထပ်ကို ခေါင်းပေါ်တင်ပြီး ကိုးကွယ်ချင်ကြသေးတာ။ အောင်စွာဆိုတဲ့ အဘွားကြီးကမှ တဂဲ့နှစ်ချို့အခြောက်မကြီး ကောင်လေးတွေ တရုံးရုံး။ သူ့အိမ်ကြီးက ပွဲစျေးကြီးအတိုင်းပဲ။
မြန်ချင်ပါတယ်ဆိုမှ ခရီးက ဖင့်နေရောပဲ။
မြရည်နန္ဒာဘက်ကနေ လမ်းလျှောက်လာရတာ မြို့သစ်ဘက်ထိကို။ ခရီးက လှမ်းတာပေါ့ လိုင်းကားတွေ ရှိသား မစီးချင်ပေါင်။
၁၀၀တောင်ပေးရတာ ပေးရတာနဲ့ မကာမီဘူး
ဖင်ကိုင်လိုက် ခါးတို့လိုက်နဲ့ ခြောက်သာခြောက်မယ် နွဲ့သာ နွဲ့မယ် ခန္ဓာကိုယ်ကိုတော့ သူများခြေတော်တင်မခံနိုင်ပေါင်။ နောက်ပြီး ပိုက်ဆံကလဲ တစ်ရာဆိုမှ တစ်ရာနည်းတာမှတ်လို့။ ဒီလမ်း ဒီခရီး ခြေကျင်နဲ့ဖြစ်ပါ့။
YOU ARE READING
လွတ်လပ်ခွင့် ( Uni + Zaw)
Non-Fictionမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။
Part - 1(Uni + Zaw)
Start from the beginning
