အခန်း ၃၈

2.4K 468 26
                                    

His Little Deer Wife is Very Fierce

Unicode

အခန်း ၃၈: ကိုကိုရေ ရုံရုံပါ

ဒီရက်တွေတွင် အဆောက်အဦးအတွင်းမှ လုံခြုံရေးအစောင့်တွေ ဘယ်လောက်ပဲ အလုပ်ကြိုးစားကြပါစေ ရူးနှမ်းတဲ့ပရိသတ်က ရှန်းကျီဇီရဲ့တံခါးရှေ့တွင် ထူးဆန်းတဲ့ အရာတွေကို ထားရှိရန် နည်းလမ်းမျိုးစုံ ရှိနေခဲ့သည်။ တစ်ခါတရံ ညစ်ပတ်နေတဲ့ အတွင်းခံဘောင်းဘီတစ်ထည်၊ တစ်ခါတရံ ပုံးအောက်ခြေ၌ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖြတ်တောက်ခံထားရသည့် သွေးစွန်းနေတဲ့ အရုပ်တစ်ရုပ်တို့ ရှိနေတတ်သည်။

ရှန်းကျီဇီက အိမ်မှ ထွက်တဲ့အခါ တစ်ယောက်ယောက်က သူ့နောက်သို့ လိုက်နေကြောင်း ခံစားမိသော်လည်း နောက်သို့ လှည့်ကြည့်လိုက်တဲ့အခါ ဘယ်သူ့ကိုမှ မတွေ့ရတော့ပေ။ ယခု သူက ကုမ္ပဏီမှ ငှါးရမ်းထားသည့် အိမ်တွင် နေထိုင်သော်လည်း ထိုနေရာတွင် ကြာရှည်နေထိုင်မည် မဟုတ်ပေ။ သူဝယ်ထားသည့်အိမ်က ပြုပြင်မွမ်းမံနေတာမို့ မပြောင်းရွှေ့မီ ရက်အနည်းငယ်အလိုတွင် လုပ်စရာရှိတာကို လုပ်ရတော့မည်။

ရဲတပ်ဖွဲ့က ပြောလိုက်သည်။ 

"စိတ်မပူပါနဲ့ မစ္စတာအန်း ကျွန်တော်တို့နိုင်ငံသားတွေရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံရေးကို အစွမ်းကုန် စုံစမ်းပြီး သေချာအောင် အတတ်နိုင်ဆုံး လုပ်သွားမှာပါ"

"ဒါတွေက အန်းအတွက်လား" 

ကိတ်ရဲ့အသံက အိမ်အပြင်ဘက် စင်္ကြံမှထွက်ပေါ်လာသည်။

"ဟုတ်တယ် ပရိတ်သတ်တွေက ဂိတ်မှာစောင့်နေကြတာ။ မန်နေဂျာဝမ်က ကျွန်တော့်ကို ဒီလက်ဆောင်တွေကို ယူသွားပြီး အဲဒီပရိသတ်တွေကို ပြန်ဖို့ ပြောခိုင်းလိုက်လို့"

ကိတ်က ပြောလိုက်သည်။  

"အဲ့ဒါတွေကို အထဲမှာ ထည့်ထားလိုက်"

တံခါးဖွင့်လိုက်တဲ့အခါ ဝန်ထမ်းတစ်ဦးက လက်ဆောင်ပစ္စည်းတွေကို သယ်လာခဲ့သည်။ လက်ဆောင်ဘူးတွေက တောင်ကြီးတစ်ခုလို စုပုံထားသဖြင့် နောက်မှလူကိုတောင် မမြင်ရပေ။ လက်ဆောင်တွေကို ကော်ဖီစားပွဲပေါ်တင်လိုက်ပြီး အရွယ်အစားမျိုးစုံဘူးတွေက ပြန့်ကျဲသွားခဲ့သည်။

သူ့ရဲ့ဇနီးသမင်လေးက အရမ်းပြင်းထန်လွန်းတယ် (Completed)Onde histórias criam vida. Descubra agora