ရေပူစမ်းမြို့မှ ပြန်လာပြီးနောက် ရုန်ရှူ က နည်းနည်း ထူးဆန်းနေကြောင်း ရှာတွေ့ခဲ့သည်။ တိုးတိုး တိတ်တိတ် လျှောက်သွားနေတာ၊ ဒါမှမဟုတ် သူ့ကို ပြောစရာရှိနေသလို ကြည့်နေတတ်တာ ကို တွေ့ခဲ့ရသည်။
သူ မေးကြည့်ဖို့ လုပ်ခဲ့ပေမယ့် ဘာမှ မမေးနိုင်ခဲ့ဘူး။
ဒီအတောအတွင်း ရုန်ရှူ ကျောင်းလာတာ နည်းလာပြီး နေ့တိုင်း အရမ်း နောက်ကျမှ ပြန်လာခဲ့သည်။
အတန်းထဲ၌ ချီဟန် သူ့ဘေးနား က ခုံကို အမြဲတမ်း ကြည့်လေ့ရှိလာသည်။ မျက်စိမှိတ်လိုက်ပြီးနောက် ရုတ်တရတ် သတိပြန်ဝင်လာသည်။
ရုန်ရှူ သူနဲ့ အတူတူ အတန်း မတက်တာ ကြာပြီ။
နွေရာသီ အားလပ်ရက်တောင် တစ်ဝက်လောက် ကုန်သွားပြီ။
အချိန်ပို ပြီးဆုံးတဲ့ အချိန်မှာတော့ ဆရာတွေက အတန်း မဝင်တော့ဘဲ စာသင်ချိန်ကို ကျောင်းသားတွေကိုယ်တိုင် လေ့လာဖို့ ချန်ထားခဲ့သည်။
ချီဟန် စာရွက် တစ်ရွက်ကို ချောချောမွေ့မွေ့နဲ့ အပြင် ထုတ်လိုက်သော်လည်း ဘောပင်ထိပ်က စာရွက်အပေါ် ကျလာခြင်း မရှိသေးပေ။
နည်းနည်း မျက်မှောင်ကြုတ်သွားကာ သူ့ရဲ့ အကြည့်တွေ က လွတ်နေတဲ့ စားပွဲပေါ်သို့ အချိန် အတော်ကြာအောင် ကျရောက်သွားသည်။
မကြာခင်ကမှ ရုန်ရှူ က သူ့ကို ရှောင်နေတာ သူ ဘယ်လို ခံစားရလဲ ဆိုတော့...
"ချီဟန်..."
အရှေ့တန်းမှာ ထိုင်နေတဲ့ ကန်းရွှယ် ခေါင်းကို လှည့်ကြည့်ကာ "ရုန်ရှူ၊ ဘာဖြစ်နေလို့ ကျောင်းမလာသေးတာလဲ? တော်တော် ကြာနေပြီနော်"
သူမ တစ်ခုခု ကို အနံ့ ရသလို ခံစားနေရတယ်။
ကန်းရွှယ် ချီဟန်ရဲ့ အကြည့်နောက် လိုက်ကာ ရုန်ရှူ ရဲ့ စားပွဲကို ကြည့်လိုက်သည်။ နောက်တစက္ကန့်တွင် သူမပါးစပ်ကို အုပ်လိုက်ကာ သူမရဲ့ စိတ်ထဲ၌ စာလုံးရေ ၁၀၀,၀၀၀လောက် ပါတဲ့ ကြေကွဲဖွယ်ရာ ဝတ္ထုတစ်ပုဒ်ကို ချက်ချင်း ဖန်တီးခဲ့သည်။
Gong က အချစ်ကနေ ဝေးရာကို ထွက်သွားခဲ့တယ်၊ အရူးအမူး ချစ်နေတဲ့ Shou က နေရာမှာ ရပ်ပြီးစောင့်ဆိုင်းနေခဲ့တယ်။ နှစ်ပေါင်း များစွာကြာပြီးတဲ့ နောက်မှာ Gong က အသိစိတ်ဝင်ပြီး ပြန်လာခဲ့ပေမယ့် ကံဆိုးတော့ Shou က သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
YOU ARE READING
သနားစရာကောင်းတဲ့ မသန်စွမ်း ဗီလိန်ကြီးကို ကယ်တင်ခြင်း( ဘာသာပြန်)
RandomI Saved The Disabled Villain by Pretending to Be Pitiful Chapter 97 ချီဟန်ဟာ ညှင်းပန်း နှိပ်စက်ပြီး ခွေးသွေးဆန်တဲ့ ဝတ္ထုကို တစ်ညလုံး ဖတ်ခဲ့သည်။ နားလည်မှု လွဲမှားတာ တစ်ခုကြောင့် ဝတ္ထုထဲ က ဆန်ကုန်မြေလေး Gong က သူ့ရဲ့ အချစ်ဦး လရောင်ဖြူလေးနဲ့ က...