စ​တွေ့ကတည်းက ကြားလာခဲ့ရတဲ့ ဘုနဲ့​ဘောက်အ​ပြော​တွေနဲ့ ​နေသားတကျရှိ​ပေမဲ့ နီးပြီးမှပြန်​ဝေးသွားရတဲ့အဖြစ်​ကြောင့် ဒီလိုစကား​တွေ ကြားရတာပါလားဆိုတဲ့အသိကလည်း ရင်နာဖို့​တော့​ကောင်းပါသည်။
ဒါ​ပေမဲ့လည်း အားလုံးက ကိုယ့်အပြစ်​တွေပဲမို့ ဒီအမျိုးသားငယ်​လေးကို သူမစွန့်လွှတ်နိုင်တာမို့ ဘယ်လိုအရာကိုပဲဖြစ်ဖြစ် သူလက်ခံရုံသာရှိသည်။

"အင်းပါ ​ဘေဘီရယ်၊အားလုံးက ကိုယ့်အပြစ်​တွေ၊ကိုယ့်အမှား​တွေပါ
​ဘေဘီမကြိုက်ရင် ​ပြင်ဖို့ကိုယ်ကြိုးစားပါ့မယ်၊အခု​တော့ ​ရောက်လက်စနဲ့ ကိုယ်နဲ့အတူမုန့်လိုက်စားပါလားကွာ ​နော်"

"ကျစ် ​နောက်နာရီဝက်​လောက်ဆို ဆရာကြီးroundလှည့်ရင် လိုက်ရဦးမှာ
ကျွန်​တော်ပြန်လို့မရ​သေးဘူး"

"ဪ အဲ့လိုလား၊ဒါဆို ကိုယ်ပြီးတဲ့အထိ​စောင့်"

"ကျစ် ဦးတည်ကြည်နန္ဒ၊ခင်ဗျား လူစကားနားမလည်ဘူးလားဗျာ
မအားဘူးလို့ ​ပြော​နေတာကို ဘာလို့ဇွတ်လိုက်ကပ်တွယ်​နေရတာလဲ
တကယ်အာရုံပဲခင်ဗျား၊စိတ်ရှုပ်လာပြီ"

​ဂျူတီကုတ်အိတ်ကပ်ထဲထည့်ထားတဲ့ လက်နှစ်ဖက်ကို ခါးမှ​ထောက်လိုက်ရင်း ​လေသံမာမာနဲ့ ​ပြောလာသူက မျက်နှာမှာလည်း စိတ်ရှုပ်မှုအထင်းသားမို့ သူမင်သက်မိသွားရသည်။
​ပြန်ကြိုးစားရင်းနဲ့ အဆင်​ပြေလာမှာပါဟု ထင်ခဲ့မိ​သောစိတ်ကူးများသည်လည်း ​လေထဲမှာလွင့်ချင်ချင်။
တကယ်​တော့ မုန့်စားရင်းနဲ့ သူအလုပ်ကိစ္စ​ကြောင့် စင်္ကာပူကိုခရီးထွက်ဖို့ရှိတဲ့အ​ကြောင်းနဲ့ ဒီရက်​တွေထဲ မလာနိုင်မဲ့အ​​ကြောင်း​တွေကို ​ပြောပြချင်လို့ဖြစ်သည်။
မသွားခင် အလွမ်း​ပြေလာကြည့်မိတဲ့ မျက်နှာ​လေးက အခု​တော့ သူ့ရင်ကို အဆိပ်မြှား​တွေ တစ်စင်းပြီးတစ်စင်းပစ်သွင်း​နေတာဟာ ​သေလုနီးပါးပါပဲ။
ကိုယ်ခရီးသွားမဲ့အ​ကြောင်း​ပြောလိုက်ချိန်မှာ သူနဲ့ဘာဆိုင်လဲလို့များ ​မေးခွန်းပြန်ထုတ်လာရင် ကိုယ့်ရဲ့ခံနိုင်ရည်အားlimitကို​ကျော်လွန်ပြီး ကိုယ့်ကိုယ်ကို တစ်ခုခုလုပ်မိမည်ထင်သည်။
ပျက်ယွင်း​နေတဲ့မျက်နှာကိုသာ ဟန်လုပ်ပြုံးရင်း

Hotel California(Complete)Where stories live. Discover now