25.5.2020 ဒီနေ့ကကျွန်တော့်ရဲ့မွေးနေ့ တနည်းအားဖြင့်ဆိုရရင် ကျွန်တော့်အသက်25နှစ်တိတိပြည့်တဲ့နေ့ပေါ့ဗျာ....... မွေးနေ့ဆိုပေမဲ့နေ့စဥ်ဖြတ်သန်းနေကျလုပ်ရိုးလုပ်စဥ်အတိုင်းပါပဲ ကျွန်တော်အလုပ်သွားဖို့ပြင်ရတယ် လက်လှုပ်မှပါးစပ်လှုပ်ရမဲ့ဘဝတွေမှာ special dayဆိုတာမျိုးမရှိပါဘူး မနက်စာစားပြီးတာနဲ့ ကျွန်တော်အလုပ်ကိုသွားဖို့ပြင်ဆင်ရတယ် ကားမှတ်တိုင်ကိုလမ်းလျှောက်တယ် ဘေးဘီဝဲယာကိုငေးမောတယ် မနက်ခင်းရဲ့လေပြေညှင်းကို အပြည့်အဝရှုသွင်းတယ် အစာလုနေကြတဲ့ခိုအုပ်ကိုတွေ့တယ် ပဲပြုတ်သည်အန်တီကြီးရဲ့အော်သံကိုကြားတယ် လက်ဖက်ရည်ဆိုင်ကဖွင့်တဲ့ ကိုအောင်ရဲ့ ကြယ်ပြာလေးနဲ့ဝေးတဲ့နောက်ကိုကြားမိတော့ လွမ်းစရာမရှိဘဲကြံဖန်လွမ်းမိသေးတယ် နောက်တဆက်တည်းထပ်တွေးမိတယ် ဒီနေ့ထိုင်ခုံနေရာရပါ့မလား ကားလမ်းများပိတ်နေမလား အလုပ်မှာရောအစစအရာရာအဆင်ပြေပါ့မလား တွေးနေရင်းပဲကားမှတ်တိုင်ရောက်တယ် ဒီနေ့တော့ကံကောင်းတယ်ပြောရမယ် စီးရမဲ့ကားကမှတ်တိုင်ရှေ့ထိုးရပ်တယ် အပြေးအလွှားလုယက်တက်ကြတဲ့လူတွေထဲ ထိုင်ခုံနေရာတစ်နေရာလွတ်နေတာကိုတွေ့တယ် တခြားလူတွေမမြင်ခင် ကျွန်တော်အပြေးအလွှားဝင်ထိုင်တယ် အိတ်ထဲကနားကြပ်ကိုထုတ်ပြီးတပ်တယ် မာရဇ္ဇရဲ့ မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ကိုrepeatလုပ်ပြီးဖွင့်တယ် မျက်လုံးကိုဖွဖွမှိတ်တယ် ဆင်းရမဲ့မှတ်တိုင်မရောက်မချင်းဆူညံတဲ့ကားစက်သံတွေအစား ကျွန်တော့်အကြားအာရုံထဲ သီချင်းသံတွေပဲကြီးစိုးတယ် ရုတ်တရက်ဖုန်းမြည်သံကနားထဲဝင်လာတယ် သေချာပေါက်အမေပဲ ringtoneအဆုံးမှာကျွန်တော်ဖုန်းကိုင်တယ် Happy Birthdayသားလေးဆိုတဲ့အမေ့အသံချိုမြမြက ဖုန်းလိုင်းကနေကျွန်တော့်နားစည် ကျွန်တော့်နားစည်မှတစ်ဆင့် ကျွန်တော့်နှလုံးသားနဲ့ဦးနှောက်ဆီ ဖြတ်ကျော်ဝင်ရောက်တယ် ထို့နောက်အဖေ့ရဲ့ သားကြီးအစစအရာရာအဆင်ပြေရဲ့လားဆိုတဲ့အသံပြတ်တစ်ခုကြားတယ် ခပ်မြန်မြန်ပဲကျွန်တော်ပြန်ဖြေတယ် အစစအရာရာအဆင်ပြေပါကြောင်းပေါ့ အဖေနဲ့အမေကျန်းမာရေးဂရုစိုက်ဖို့ ကျွန်တော့်ကိုစိတ်မပူကြဖို့ ကျွန်တော်ဆက်ပြောတယ် အဖေနဲ့အမေကိုစိတ်နဲ့မှန်းကန်တော့ကြောင်းပြောရင်း ကျွန်တော်ဖုန်းချလိုက်တယ် တဆက်တည်း ကားဆရာကိုကျွန်တော်လှမ်းအော်တယ် ရှေ့မှတ်တိုင်ဆင်းမယ်ဗျို့ ဆင်းရမဲ့မှတ်တိုင်မှာခပ်သွက်သွက်ဆင်းရတယ် နာရီကိုကြည့်မိတော့မနက်ရှစ်နာရီကိုညွှန်ပြနေသည် အလုပ်ရှိရာသို့ နောက်ထပ်ဆယ်မိနစ်လမ်းထပ်လျှောက်ဖို့သာလိုသည် ဒီနေ့အလုပ်မှီသည်လို့ကနဦးသတ်မှတ်လိုက်သည်.........
lily
ESTÁS LEYENDO
The meaning of love is?
Historia Cortaရိုးရှင်းတဲ့တွေ့ဆုံမှုလေးအဆုံးမှာတော့ အမှတ်တမဲ့နေ့ရက်တွေဟာအမှတ်တရနေ့ရက်တွေဖြစ်လာတယ်
