Intro

2.6K 83 5
                                        

{Zawgyi}

[ Host   Host    Host!!]

အသိမရှိသည့်ခန္ဓာကိုယ်မှသည် အသိဉာဏ်က ဦးစွာကဝင်လာတော့ ကြားရသည်မှာ စိမ်းသက်သက်အသံတစ်သံ.....။

တစ်စစနှင့် ပိုမိုသဲကွဲစွာ ကြားလာရသည်နှင့်အမျှ သူ၏မျက်ခွံတို့ပါ လိုက်ပါဖွင့်လာရတော့သည်။

ဘေးဘီမှာ ဟင်းလင်းပြင်ဖြစ်နေသော အခြေအနေက သူ၏အတွေးတို့ကိုရှုပ်သွားစေသည်။

ဦးနှောက်ကပုံမှန်လည်ပတ်လာသည်နှင့်အမျှ အသိဉာဏ်လုံးလုံးကပ်လာလေတော့ ထိတ်လန့်တကြားနှင့် ထထိုင်မိသည်။

သူဘယ်ကိုရောက်နေတာလဲ..?

အဖြူရောင်ဟာလာဟင်းလင်းပြင်ကြီးတစ်ခု...။

ရှင်းလင်းနေသည့်နေရာတွင် သူလှဲနေသော ကုတင်တစ်ခုနှင့် ရှေ့တည့်တည့်ဆီမှ တံခါးချပ်ကလွဲ၍ မတွေ့ရ။

မိမိကိုယ်ကိုလည်း ပြန်ငုံ့ကြည့်သည့်အခါ ဖောက်ထွင်းမြင်နေရသည့်အနေအထားအရ သူဟာအကောင်အထည်မရှိမှန်း သဘောပေါက်လာရသည်။

သူဘယ်လိုအခြေအနေရောက်နေတာလဲ?

[ကြိုဆိုပါတယ် Host.
သတိပြန်ရလာတဲ့အတွက် ဝမ်းသာပါတယ် အခုအခြေအနေအကြောင်း ရှင်းပြတော့မှာမို့ အဆင်သင့်ဖြစ်ပြီလားHost]

နောက်ထပ်ထူးဆန်းတဲ့အခြေအနေတစ်ခုဟာတော့ဖြင့် သူ့လိုပဲအကောင်ထည်မမြင်ရတဲ့ နောက်တစ်စုံတစ်ခုက ဒီနေရာမှာရှိနေလေသည်။

ပြောလိုက်တဲ့စကားတွေအရတော့ သူနှင့်အခြေအနေတူသည်ကား မဖြစ်နိုင်။

'ဘယ်သူလဲ....'

[အဟမ်း....Hostအတွေးတွေရှုပ်နေမယ်ဆိုတာ သိပေမဲ့ ကျွန်တော်ရှင်းပြတာတွေနားထောင်ပြီးရင် သဘောပေါက်သွားမှာပါ အဲ့တာကြောင့်အရမ်းအထူးအဆန်းမဖြစ်ပါနဲ့]

'ငါ့ကို....ဒီခေါ်လာတာမင်းလား?'

[မဟုတ်ပါဘူးHost..]

မည်သည့်အတွေးမှဆက်မတွေးနိုင်သည်အထိ ခေါင်းထဲဗလာဖြစ်နေသည့်အပြင် ထိတ်လန့်ခြင်း၊ကြောက်ရွံ့ခြင်းမရှိသည့် စိတ်အစဉ်ကား ပုံမှန်အခြေအနေတွင် မဟုတ်တန်ရာ....။

Rebounding System (Vol_1)Historias para obsesionarse. Descúbrelo ahora