" ကဲ ပူတုန်းစားကြရအောင် "

ကောက်ညှင်းဆန်မှုန့်စေးစေးနှင့် ရောထွေးနေသော မုန်ညှင်းရွက်ဟာ အခါးဓာတ်အနည်းငယ်ရနေပေမယ့် မုန်ညှင်းချဥ်၊ ငရုပ်သီးကြော်တို့နှင့် ရောစားလိုက်သောအခါ အရသာရှိလွန်းလှသည်။ ဂျူးမြစ်ကလည်း ဝါးလိုက်လျှင် ကျွတ်ဆတ်နေလေရာ အကုန်လုံးက အကြိုက်တွေ့ကြသည်။

ကလင်..ကလင်....လင်....

စားပွဲပေါ်ရှိ ဖုန်းမြည်သံကြောင့် နန်းခမ်းနောင့် က သွားကိုင်သည်။

" hello surgical ward ကပါရှင့် " ( ခွဲစိတ်ဆောင် )

" ဟုတ်ကဲ့ ရှိပါတယ် ဟုတ် ပြောလိုက်ပါ့မယ် "

ဖုန်းချလိုက်သော ဆရာမလေးက လှမ်းအော်သည်။

" ဆရာဖြိုးသူ OG ward က လာကူပေးပါဦးတဲ့ ဆရာအောင်နိုင်က LSCS ဝင်နေတာမို့ Normal labour အတွက် ကြည့်ပေးမယ့်သူ မရှိလို့ပါတဲ့ "

( OG ward သားဖွားမီးယပ် ၊ LSCS ခွဲစိတ် ပြီးမွေး၊ Normal labour ရိုးရိုးမွေး )

ဆရာမလေးရဲ့ အသံကို ကြားရတော့ ဖြိုးသူက ရှုံ့မဲ့သွားကာ ညည်းတော့သည်။

" Surgical ward မှာလည်း MO လုပ်ရသေး Emergency အတွက်လည်း တာဝန်ချထားပြီးတော့ ငါက OG ကိုပါ သွားကူရဦးမယ် "

" Emergency မှာပဲ သွားနေလိုက်ပါ ဖြိုးသူ OG ward ကို အစ်ကို သွားကြည့်ပေးမယ် "

သူ့စကားကိုကြားတော့ ပြုံးရယ်ကာ ဝမ်းသာအားရနဲ့ ပြောလာသည်။

" ကြည့်ပေးရင်တော့ ကောင်းတာပေါ့ ဆရာ ဒါပေမယ့် အစ်မ OG သိရင် အဆူခံရမှာဗျ "

" ငါပြောလိုက်ပါ့မယ် "

ဘေးချင်းကပ်လျက် အဆောင်ဆီရောက်တော့ မွေးခါနီးကိုယ်ဝန်ဆောင်သည်ရဲ့ အော်သံတွေက ဆီးကြိုနေခဲ့သည်။

" အားးးး အမေရေ..... နာလိုက်တာ... အမေရေ... အမလေးလေးးးး ကျွတ် ကျွတ် အမလေး ဆရာမရေ နာလိုက်တာ "

သူ့ကိုမြင်တော့ ဆရာမလေးက တအံ့တသြဖြင့် ကြည့်ကာ ပြောလာသည်။

" ဟယ် ဆရာမိုးသောက် ရောက်လာတာလား "

" ဟုတ်တယ် ဖြိုးသူက မအားသေးလို့လေ "

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now