အပိုင်း (၂၂)

Start from the beginning
                                    

ဖုန်းအားချပြီးချိန် ကားရှေ့ဖြတ်ပြေးသည့်ကလေးကြောင့် နန်းရိပ် ကားဘရိတ်အားအမြန်ပင်အုပ်လိုက်ရသည်။

"ကျစ်..အရေးကြီးကာမှ ကလေးရယ်"

ပြောပြောဆိုဆိုပင် ကားပေါ်မှဆင်းကာ ထိုကလေးဆီလျှောက်သွားမိသည်။လမ်းမီးတိုင်မရှိသည့်နေရာမလို့ မှောင်ရိပ်ကျကာနေတော့သည်။

"ဘယ်ကိုထိသွားသေးလဲကလေး အဆင်ပြေရဲ့လား"

ကလေးအားထူကာ ထိခိုက်သွားသည့်နေရာရှိမရှိကြည့်ချိန် အနားတွင် ထင်ဟပ်လာသည့် လူအရိပ်အားမြင်တာကြောင့် ချက်ချင်းထရပ်လိုက်ကာ ကားဆီပြန်ဖို့လုပ်ပေမဲ့ မမှီခဲ့။ထိုသူ့လက်ထဲတွင် နန်းရိပ်မေ့မျောကာသွားရတော့သည်။

"ပျံသန်းမဲ့အတောင်ပံက ကျုပ်လက်ထဲရောက်နေပြီဆိုတော့ လွန်းဟယ်ရီဆိုတဲ့ ငှက်ကလေး ဘယ်လို ပျံသန်းမလဲ သိချင်လိုက်တာ"

"အိမ်ကိုပဲ မောင်းလိုက် "
"ဟုတ်ကဲ့ အစ်ကိုလေး"

နာရီဝက်နီးပါးကြာသည့်အခါ အိမ်သို့ရောက်လာတော့သည်။ဒိအိမ်ကိုမပြန်ဖြစ်တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲမသိ။ဟိုနေရာနေလိုက် ဒီနေရာနေလိုက်နဲ့။ဦးမင်းလွင်ရဲ့သားက ဘယ်နေရာမှာဖြစ်ဖြစ်နေလို့ရတာပဲ။Golden ကုမ္ပဏီဆိုတာက ဟန်ပြသက်သက်။နောက်ကွယ်မှာ မှောင်ခိုလုပ်ငန်းအစုံရဲ့ ခေါင်းဆောင်ကြီး။ဒါကြောင့်ပဲ ထက်မြက်မင်း ဟာဘယ်သူ့ကိုမှဂရုစိုက်စရာမလိုတာပေါ့။ဘယ်သူကမှလည်းလာမထိရဲ။အင်း... နန်းရိပ်လွှာဆိုတဲ့ ဒီအမျိုးသမီးက လွဲရင်ပေါ့။

"ကျွန်တော် ချီခဲ့ရမလား အစ်ကိုလေး"

"ရတယ် မင်းအလုပ်သာ မင်းဆက်လုပ်လိုက်"
"ဟုတ်ကဲ့ အစ်ကိုလေး"

"အိမ်ပေါ်ကို ဘယ်သူမှမတက်ခဲ့နဲ့။အိမ်ထဲကိုလည်း ဘယ်သူမှမဝင်စေနဲ့ အိမ်ထဲလူတစ်ယောက်ဝင်ရင် နင်တို့အကုန် အလောင်းတွေဖြစ်မယ်သာမှတ်"

အိမ်ဖော်ကောင်မလေးများမှာ ရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။ကျွန်းလှေကားကြီးအတိုင်း တစ်လှမ်းချင်း မေ့မျောနေသည့်အမျိုးသမီးအား ချီကာ တက်လှမ်းပြီး အခန်းထဲရောက်တော့ခုတင်ထက် မွေ့ယာပေါ်တွင် ချလိုက်မိသည်။

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now