အပိုင်း (၂၂)

Start from the beginning
                                    

"တို့ကိုမတားဘဲ ကူညီပေးစမ်းပါ မင်းမင်းရယ်။ဒီနည်းမပြေလည်း ဟယ်ရီ့အစီအစဥ်အဆင်ပြေမှာပါ။"

"မမကြီးသဘောပါ။ဒါပေမဲ့ ကျွန်တော့်ကိုကတိတော့ပေးပါ။မမကြီး အန္တရယ်ကင်းအောင်လုပ်ပါ့မယ်လို့"
"တို့ကတိပေးပါတယ်။မင်းသာ ဟယ်ရီ့က်ိုဂရုစ်ုက်ပေးပါ။ဟယ်ရီက ရန်သူနဲ့အနီးကပ်နေနေရတာမလို့ တို့စိတ်မချဘူး"

"ကျွန်တော်စောင့်ရှောက်ပါ့မယ်"
"ဒါဆို အစီအစဥ်စစို့ကွယ်။"

နေရာမှထရပ်လိုက်ရင်း အိတ်ထဲမှ စာလေးတစ်စောင်အား ထုတ်ကာမင်းမင်းဆီပေးလိုက်မိသည်။

"အကယ်ရျ် တို့အစီအစဥ်ပျက်သွားခဲ့ရင် ဟယ်ရီ့ကိုဒီစာလေးပေးပေးပါ"

ဝဲတက်လာသည့်မျက်ရည်စတို့အား ပုတ်ခတ်လိုက်မိသည်။မင်းမင်းကမ်းပေးသည့်ကားသော့အားယူပြီးသည့်နောက် ထိုနေရာမှ ထွက်ခွာလာခဲ့မိတော့သည်။

"ကံကိုယုံပြီး ဒီလမ်းကိုတို့ရွေးချယ်ခဲ့တယ်။အကယ်ရျ် ကံကြမ္မာက တို့ဘက်မျက်နှာသာမပေးခဲ့လည်း ဒီလမ်းကိုရွေးချယ်ခဲ့မိလို့ တို့နောင်တရမှာမဟုတ်ပါဘူး။အနည်းဆုံး မင်းအတွက် တစ်ခုခုလုပ်ပေးခဲ့ချင်တဲ့ဆန္ဒတစ်ခုတော့ ပြည့်စုံတာပေါ့လေ"
-------
"ဒေါ်နန်းရိပ်လွှာ ထွက်သွားပြီ"
"...."
"ဟုတ်တယ် တစ်ယောက်တည်း"

"အရုပ်လေးတစ်ရုပ်ကတော့ လက်ထဲရောက်လာတော့မှာပဲ။"

"နန်းရိပ်လွှာ လား မင်းဘာလုပ်ဖို့တွေးထားလဲ"
"အရုပ်လှလှလေးဆိုတော့ နည်းနည်းတော့ ကစားအုံးမှပေါ့။ဒိတိုင်းကျ နှမျောစရာ။ကဲ သွားပြီ "

"ငါ့အထင် မင်းမသွားတာကောင်းမယ်နော်။ဟိုတစ်ယောက်ကလည်း လွန်းဟယ်ရီခေါ်လို့ဆိုပြီး သွားတယ်။ဒါ သွေးရိုးသားရိုးတော့မဖြစ်နိုင်ဘူး"

"စိတ်ပူတတ်လိုက်တာ သူတို့ကဘာတွေများလုပ်နိုင်မှာမလို့လဲ။ကဲ သွားပြီဗျာ။အရုပ်လှလှလေးကို ကိုယ်တိုင်ပဲ သွားသိမ်းတော့မယ်"
ကားအားဝူးခနဲမောင်းထွက်သွားတော့ ဦးနေရောင်လွင်တစ်ယောက် သက်ပြင်းချမိလိုက်သည်။

"အင်း..မင်းမင်းပြော"
"...."
"အင်း ဒါဆို သိပ်မလိုတော့ဘူးမလား.သူနဲ့တွေ့ဖို့"
"...."
"အဆင်ပြေမှာပါ။ဟယ်ရီ့ကိုဂရုစိုက်နော်။စိတ်ချမယ်။"
"...."
"ဟုတ်ပြီ တည်နေရာကို မြင်ရတယ်မလား အဆင်ပြေပါတယ် ဒါပဲနော် မင်းမင်း"

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now