"စားလို့အဆင်ပြေရဲ့လား..."

      ခေါက်ဆွဲဖက်ကိုတူနဲ့ယူပြီးသူ့ပါးစပ်ထဲထည့်လိုက်တာကိုကြည့်၍ ကျန့်ကျန့်ကစိတ်လှုပ်ရှားနေဟန်ဖြင့်မေးလာ၏။

      "ကောင်းတယ် စားဖူးသမျှတွေထဲမှာ..."

      သူ့ဆီကကောင်းတယ်ဆိုတဲ့အဖြေရမှ ကျန့်ကျန့်က ယုန်သွားကြီးကြီးလေးတွေပေါ် သည်အထိရယ်ပြကာ သူ့ပန်းကန်ကိုဆွဲယူကာစားမည့်ဟန်ပြင်၏။

      ဒုတ်! ဒုတ်! ဒုတ်! ဒုတ်!

     ကျန့်ကျန့်ရယ်ပြတာကိုကြည့်ပြီး ရိပေါ်ခန္ဓာကိုယ်မှာထူးဆန်းတဲ့တုန့်ပြန်မှုတစ်ခုကရုတ်တရက်ဆန်စွာဖြစ်ပေါ်လာခဲ့၏။ အမြဲသွေးအေးလွန်းတဲ့သူ၊ တိုက်ပွဲတွေကြားမှာဘယ်တော့သေမလဲဆိုတာမသိနိုင်တဲ့အထိ အသက်ကိုရင်းထားခဲ့ရတုန်းကတောင် သူ့ဆီမှာရင်ခုန်ဖို့မပြောနဲ့ အရမ်းအများကြီးတောင်စိတ်မလှုပ်ရှားခဲ့ဖူးတာအမှန်ပင်။ အခုမှ အခုမှ သူ့အရှေ့ကဒီလူသားပြုံးပြတာကိုကြည့်ပြီးဘာဖြစ်သွားမှန်းမသိ။

      အဟမ်း!

      ကိုယ့်ကိုကိုယ်မလုံမလဲဖြစ်စွာချောင်းတစ်ချက်ဟန့်ရင်း ခေါက်ဆွဲတွေကိုအသဲအသန့်ငုံ့စားမိတော့ ကျန့်ကျန့်ကသူ့ကိုဘာဖြစ်တာလဲဟူသောအကြည့်လေးနှင့်ကြည့်လာတာမို့ သူ မပီသစွာပဲမသိချင်ယောင်ဆောင်နေမိခဲ့သည်။

       မနက်စာစားပြီးအားလုံးပြင်ဆင်လို့ပြီးသွားချိန်မှာတော့ နှစ်ယောက်သားတားမြစ်နန်းတော်ရှိရာဆီသွားရန်အပြင်သို့ထွက်လာခဲ့ကြသည်။ ဒီနေ့ဘေကျင်းရဲ့ရာသီဥတုရဲ့အပူချိန်က(-3)အထိကျဆင်းနေတာမို့ အလွန်ကိုပင်အေးစိမ့်လွန်းလှသည်။ နှင်းတွေကလည်းတဖွဲဖွဲကျဆင်းနေသလို အသက်ရှူသွင်းရှုထုတ်လိုက်တိုင်း ပါးစပ်ထဲကအငွေ့တွေကထွက်လို့နေ၏။ကားမှတ်တိုင်မှာဘတ်စ်ကားရပ်စောင့်နေရင်း ကျန့်ကျန့်ကတော့အေးလွန်း၍ထင် လက်အိတ်စွပ်ထားတဲ့လက်ကလေးနှစ်ဖက်ကိုအချင်းချင်းပွတ်တိုက်နေပြီး နှာသီးဖျားလေးတွေနှင့်မျက်ခံွ‌ေလး‌ေတွပါအအေးဒဏ်ကြောင့်နီရဲနေ၏။

      "ကျန့်ကျန့် အဲ့ဒီကားတစ်စီးတန်ဖိုးကဘယ်လောက်ရှိနိုင်မလဲ.."

𝙾𝚄𝚁 𝙻𝙾𝚅𝙴 𝚂𝚃𝙾𝚁𝚈(𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴)Where stories live. Discover now