The Unknown Story

583 61 4
                                    

[Zawgyi]

82x + 34 = 8

ဘယ်လိုအဆုံးသတ်သွားမှာလဲ
Constant or Constant?
_________________________

သူ ပြောခဲ့ဖူးတယ်။
ကျွန်တော်ဟာ သင်္ချာညီမျှခြင်းတစ်ခုရဲ့ ကိန်းသေလိုပဲ တဲ့။
ကိန်းရှင်တွေ ဘယ်လောက်ပဲပြောင်းပြောင်း ဘယ်တော့မှ ပြောင်းလဲခြင်းမရှိတဲ့ ကိန်းသေလို လူစားမျိုးတဲ့လေ။
__________________________

*...* = English

"..." = Korea

@@@@

January

At Daegu .

Day 1

*Hello...Mr.Hoseok Jung?*

Jimin ပြောပြထားသည့် နီညိုရောင်မာဖလာဝတ်ထားသူကို Coffee ဆိုင်ရှေ့တွင် တွေ့သည်။ ထိုသူ့ပခုံးကို လှမ်းပုတ်ကာ နှုတ်ဆက်တော့ လှည့်ကြည့်လာပြီး ခေါင်းကိုညိတ်တယ်ဆိုရုံဖြင့် ကျွန်တော့်၏ နှုတ်ဆက်စကားကို မသိမသာအသိအမှတ်ပြုပေးသည်။
ထို့နောက် သူ့မျက်နှာ တည်နေရာမှ အနည်းငယ်ပြုံးလာ၏။

*Nice to meet you,Mr.Seokjin Kim*

သူ့၏ ဆန့်တန်းလာသော လက်တစ်ဖက်ကို ကျွန်တော်ဆုပ်ကိုင်ပြီး ပြန်လည်ပြုံးပြလိုက်သည်။

"ကျွန်တော် Korea လို ပြောတတ်ပါတယ်"

သူက အနည်းငယ်စဉ်းစားပြီး ရယ်၏။

"အာ!...အဆင်ပြေတာပေါ့"

တစ်ဆက်တည်း အဝေးကို ကြည့်ပြီး သူထပ်စဉ်းစားနေပြန်သည်။ ပြီးမှ

"Mr.Kim အရင်ဆုံး သွားချင်တဲ့နေရာများ ရှိလား"

ဤသို့နှင့် ကျွန်တော့်ရဲ့ ပုံပြင်က စတင်ခဲ့သည်။

.............

တွေ့စက အရောင်မဲ့တဲ့ သူ့မျက်ဝန်းတွေကို ကျွန်တော် တကယ်ကို စိတ်ဝင်စားခဲ့တယ်။ သူ့မျက်ဝန်းတွေကိုပဲနော်။
သူ့မှာ တခြားသူထက် ထူးခြားတာတွေ ရှိပါတယ်။ တစ်ခုခုကို တွေးရင် တင်းတင်းစေ့ထားတတ်တဲ့ ပိရိသေသပ်တဲ့ သူ့နှုတ်ခမ်း ။ လူတိုင်းမှာ ရှိခဲတဲ့ နှာတံစင်းစင်း။ သူ့ရဲ့ မျက်နှာပေါက်က ရှည်တယ်လို့ ထင်ရပေမယ့် လူတိုင်း သဘောကျချင်စရာကောင်းတဲ့ မျက်နှာအချိုးအစားပါ။
ဒါပေမယ့် ကျွန်တော် သူ့မျက်ဝန်းတွေကိုပဲ စိတ်ဝင်စားခဲ့တာပါ။

CONSTANT (Z+U)Όπου ζουν οι ιστορίες. Ανακάλυψε τώρα