" တောပန်းကလေးများနဲ့... လှချင်တိုင်း  လှနေပါတယ်.... လမ်းလေးကွေ့ကောက်ရာ   ...ဘေး တစ်ဖက်မှာ.....

အဆင်းအတက် ခရီးဆက်လို့  ဖြတ်ကျော်  မြင်ကွင်းးး ရှေ့မှာ... တောင်ပြာတန်းတွေ... ဆီးးးး..လို့ကာ   "

သီချင်းကို ခပ်တိုးတိုးလိုက်ညည်းရင်း   အေးအေးဆေးဆေး သာ မောင်းလာခဲ့သည်။ ဆေးရုံကားပါကင်မှာ သေချာ နေရာယူပြီးနောက်   တာဝန်ကျရာ အဆောင်ဆီသွားသည်။  ​ပြင်ပလူနာဌာနရှိ ဝန်ထမ်းတွေအကုန် အေးအေးဆေးဆေး စကားတွေပြောနေရာမှ သူ့ကို မြင်တော့ နှုတ်ဆက်လာကြသည်။

"  ဆရာ မိုးသောက်  မင်္ဂလာပါ  "

" ဆရာ  မင်္ဂလာပါ   "

" မင်္ဂလာပါ  အေးဆေးဖြစ်နေကြတယ်ပေါ့ "

" ဟာ ဆရာ့   "

သူ့ရဲ့နှုတ်ဆက်စကားကြောင့်  အကုန်လုံးဟာ အထိတ်တလန့်နဲ့  တစ်ပြိုင်တည်း အော်ဟစ်လာတော့သည်။ အပြာဝတ်ဆရာမလေး  နန်းချယ်ရီကတော့  ခေါင်းလေးကို ရမ်းရင်း ငြီးတွားလာသည်။

" ဟူးး တို့ဆရာကတော့ဟေ့....  တို့တွေကို  ရန်လာစနေတာပဲ မနေ့ကလည်း နှင်းဆီပန်းကြီး ယူလာတယ်   အခုလည်းကြည့် "

ဆေးရုံမှာ အေးအေးဆေးဆေး ပဲနော် ဆိုသော စကားကို ပြောခွင့်မရှိပေ။ ထိုသို့ပြောလိုက်လျှင်  လူနာရှုပ်တတ်သည်တဲ့လေ။ ကဲ  ဒါဟာလည်း ဆေးရုံဝန်ထမ်းတွေရဲ့ အစွဲတစ်ခု။

" sorry ပါဗျာ   နောက် သတိထားပါ့မယ် "

ပြောနေဆိုနေတုန်း  ဆေးရုံရှေ့မှာ  ကားတစ်စီးဆိုက်လာသည်။ လူနာကို ပွေ့ချီကာ  အထဲဝင်လာသည့် လူတွေကြောင့်  ထိုင်နေသည့် ဝန်ထမ်းတွေအကုန်လုံး  လှုပ်လှုပ်ရှားရှားဖြစ်သွားကာ  ကိုယ်စီကိုယ်စီ  လုပ်ဆောင်ရမည့်တာဝန်တွေကို သေချာ လုပ်ကိုင်ကြတော့သည်။  ခွဲစိတ်ဆောင်ဆီ ဆက်သွားရန်ပြင်ပေမယ့် နန်းချယ်ရီက လှမ်းအော်သည်။

" ဆရာမိုးသောက်   မသွားနဲ့ဦး  ဒါ ဆရာ့လူနာ "

အမှန်စင်စစ်တော့  တာဝန်ကျ လက်ထောက်ဆရာဝန် သာ ကြည့်ပြီး လူနာကို ဆေးရုံတက်ခိုင်းလျှင်ရသည်။ ခွဲစိတ်ဆောင်ရောက်မှသာ  သူ တစ်ချက်ပြန်ကြည့်ရုံပင်။ ယခုတော့  အေးဆေးပဲလား ဟု နှုတ်ဆက်မိသည့်အပြစ်ကြောင့်  ဆရာမလေးပြောသည့်အတိုင်း လူနာကို တစ်ခါတည်းဝင်ကြည့်သွားရတော့သည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now