အခန်း ၂၈

Start from the beginning
                                    

" ညို ။ ဒီနှင်းဆီပန်းလေးက ညို့အတွက် ။ "

မိမိအားလှမ်းပေးနေသည့် ထိုနှင်းဆီပန်းအား လက်ခံဖို့အတွက် ကြောက်ရွံမိသည် ။ နှင်းဆီပွင့်ကိုသာ အတော်ကြာငေးစိုက်ကြည့်နေမိခဲ့သည် ။

" ကနေ့ ကိုဘတင်နဲ့တွေ့ချင်တာက ပြောစရာရှိလို့ပါ ။ "

" ကိုဘတင်တော့ ညိုမပြောလည်း သိနေပြီထင်ပါရဲ့ ။ "

" ကိုဘတင်က ကျွန်မအပေါ်မှာ အတော့်ကိုမှမျှော်လင့်ထားပုံပဲ ။ "

" မျှော်လင့်ထားတယ်ဆိုတာထက်ပိုတယ်လို့ပြောရင် ညို ယုံပေးနိုင်မလား ။ ကိုဘတင်လေ ညို့ကို ဒီနေရာကနေဟိုးအဝေးဆုံးကို ခေါ်သွားချင်တယ် ။ ဖြစ်နိုင်ရင် ကိုဘတင်ရဲ့လက်ကို တွဲစေချင်တယ် ။ "

ညိုလေးသည် ကိုဘတင်၏ချစ်စကားကြောင့် စိတ်ထဲလေးလံလာမိသည် ။ ပြီးနောက် သူမသည် မိမိ၏စလင်းဘတ်အိတ်ထဲရှိ စာအိတ်တစ်ခုအားထုတ်ပြီး ကိုဘတင်အား ပေးလိုက်သည် ။

ဤစာအိတ်မှာ မလွဲဧကန်ပင် ကိုဘတင်တို့ကုန်သည်ကြီးများဌာနမှ တံဆိပ်ခေါင်းပါသော စာအိတ်ပင်ဖြစ်သည် ။ ဆိုလိုသည်မှာ ကိုဘတင်သည် ညိုလေးအားပေးခဲ့သော စာအိတ်ဖြစ်သည် ။

မိမိ၏စာအိတ်အား မိမိမှာပြန်လည်၍လက်ခံရရှိသည်ဖြစ်သောကြောင့် ကိုဘတင်မှာအနည်းငယ်မျှတော့ စဉ်းစားရခက်သွားစေသည် ။ အနည်းငယ်မျှလည်း အကြပ်ရိုက်သွားစေသည် ။

" ဒီစာကို ကိုဘတင်ပဲ ပြန်ယူထားလိုက်ပါ ။ "

" ဘာ ဘာ့ကြောင့်များလဲ ညို ။ ကိုဘတင် အမှားလုပ်မိခဲ့လို့များလား ။ "

" ကိုဘတင်ကဘာအမှားမှ မလုပ်ခဲ့ပါဘူး ။ အမှားလုပ်ခဲ့တာက ကျွန်မပါ ။ "

" ဘယ်လို ။ "

" ကျွန်မကအပျိုတစ်ယောက်မဟုတ်ပါဘူး ။ ကျွန်မကအိမ်ထောင်ရှိပြီးသားပါ ကိုဘတင် ။ "

" ခင်ဗျာ ။ ကိုဘတင်နားမလည်ဘူး ။ ဒါ့မှမဟုတ် ကိုဘတင်နားရှုပ်သွားတာများလား ။ မြိုင့်ပြောစကားတွေကအရ ညိုဟာကျိန်းသေပေါက်အပျိုတစ်ယောက် ။ လူလွတ်တစ်ယောက်ပါ ။ "

" သြော် မမမြိုင်က ဒီစကားတွေတောင် ပြောပြီးခဲ့ပြီကိုး ။ "

ကိုဘတင်သည်ညိုလေး၏လက်ကို အလျှင်အမြန်ဆုပ်ကိုင်လိုက်တော့သည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now