"ရတယ်...အဆင်ပြေသလိုလုပ်ပါလောင်ကုန်း
ဒါနဲ့လေ..ဂွီ.."

ရှောင်ကျန့်ရဲ့ဗိုက်လေးထံမှ မြည်သံကြောင့်
မှိတ်ထားတဲ့ရိပေါ်ရဲ့မျက်လုံးလေးက ပွင့်လာကာ

"ဗိုက်ဆာနေပြီလား အချစ်။"

"အင်း..ကျွန်တော် . ဗိုက်ကခဏခဏဆာနေတယ် လောင်ကုန်း။"

"ကောင်းပြီလေ...ကိုယ်တို့အပြင်ထွက်စားကြမယ်။"

"အွန်းပါ။"

"ကြည့်ရတာ အချစ်ရဲ့ဗိုက်ထဲက အစားပုပ်လေးပဲဖြစ်ရမယ်။"

"သူကအစားပုပ်တော့ လောင်ကုန်းကမချစ်တော့ဘူးလား ပြော။"

"ချစ်တာပေါ့ဗျာ..အရမ်းအရမ်းပေါ့။ကိုယ်တို့နှစ်ယောက်ရဲ့သွေးသားပဲလေ အချစ်ရဲ့။"

ထိုတော့မှ စူပုပ်ပုပ်ရုပ်လေးက အပြုံးပန်းတို့ဖြစ်တည်လာတော့သည်။

"အချစ်..ဘာစားချင်လဲ။"

"ပင်လယ်စာ စားချင်တယ် လောင်ကုန်း။"

"ကောင်းပြီ..ဖြစ်စေရမယ်ဗျ။"

အဲဒီနောက် ရှု့ခင်ကောင်းသည့် ပင်လယ်ကမ်းစပ်
စားသောက်ဆိုင်တစ်ခုသို့ ရိပေါ်ရဲ့ကားလေးက
ဦးတည်ခဲ့တော့သည်။

"အချစ် ကင်မရာကြီးကဘာလုပ်တာလဲ.."
မေးလည်းမေးလိုက်သလို ရှောင်ကျန့်ရဲ့လက်ထဲမှကင်မရာကို ဆွဲယူလိုက်တဲ့သူ။

"မှတ်တမ်းတင်မလို့လေ...ပြန်ပေးပါ လောင်ကုန်းရဲ့။"

နောက်တော့မှ ရိပေါ်သတိပြန်ရတဲ့စကားလုံးများကြောင့် သူ့ရဲ့ရင်ထဲစူးနစ်သွားရပြန်တယ်။
မှတ်ဉာဏ်ဆုံးရှုံးနေတဲ့ ချစ်ရသူလေးကိုကြည့်ရင်း သူတော်တော်လေး အားနာစိတ်မကောင်းဖြစ်မိလေတယ်။

ဒါနဲ့ပဲစိတ်ကိုအတတ်နိုင်ဆုံးပြန်ထိန်းကာ "ဟုတ်ပါပြီ အချစ်ပျော်သလိုနေ..."

"ဟီးဟီး.. ခစ်ခစ်ခစ် မောင်ကအရမ်းချစ်ဖို့ကောင်းသွားပြီ။...မွ.."

"ဘယ်လိုခေါ်လိုက်တယ်..."
အချစ်ရဲ့နှုတ်ဖျားကနေ
မောင်လို့သူ့ကို ခေါ်လိုက်တာလား။

''အချစ်...မောင်က ချစ်ဖို့ကောင်းတာသေချာရဲ့လား။''

''အင်း...''

It's youМесто, где живут истории. Откройте их для себя