ရိပေါ်က စိတ်ဆိုးလို့မှ ကိတ်မုန့်တောင် အမှိုက်ပုံးထဲထည့်ပစ်လ်ိုက်ပါတယ်ဆို ဦးလေးကြီးကလည်း ရိပေါ်ကို ခေါ်လာတာ ကိတ်မုန့်ဆိုင်ဆိုတော့ ရယ်ရအခက် ငိုရအခက်။

" ကျွန်တော်က အချိုမကြိုက်ဘူး ဦးလေးကြီး "

တကယ်ဆို ရိပေါ်က အချိုစားရတာ အရမ်းကြိုက်သည်။ ဦးလည်း ကြိုက်သည်လေ။ အဲ့လို ဦးက ကြိုက်တော့ ရိပေါ်က ဦးကို စိတ်တိုနေသည့်အတွက် အချိုမစားတော့ပါ။

ဒါဆို ဘာစားရမလဲ။ ဟုတ်တယ် ။ အချဥ် !

အချိုနဲ့ ဆန့်ကျင်ဘက် အချဥ်ပဲစားမည်။

ဦးကိုလည်း အမြင်ကတ်ပစ်လိုက်ဦးမည်။

" ဒါဆို ဘာစားမှာလဲ "

" အချဥ် "

" အမ် "

" သစ်သီးတွေချည်း ရောင်းတဲ့ဆိုင်တစ်ခုခုကို သွားရအောင် "

" ကလေးလေးသဘော "

ထို့နောက် ရှောင်းကျင့်က ရိပေါ်သဘောအတိုင်း သစ်သီးနဲ့ဖျော်ရည်ရောင်းတဲ့ဆိုင်တစ်ခုကို သွားလိုက်သည်။

ရှောင်းကျင့်ရောက်သွားတဲ့ ဆိုင်က luxury fruit တွေရောင်းတဲ့ဆိုင်ဖြစ်ပြီး သစ်သီးတွေက စျေးကြီးပြီး တကယ့် premium အဆင့်။

ရာသီစာမဟုတ်တဲ့ သစ်သီးတွေလည်း အစုံရသည်။

ရိပေါ်ကို ကြိုက်တာရွေးခိုင်းတော့ ရိပေါ်က လေးထောင့်ဖရဲသီးရယ် အစေ့မပါတဲ့ လိမ္မော်သီးရယ် မက်မွန်သီးရယ် စပျစ်သီးရယ်ကို ရွေးချလာသည်။

အသီးတွေ တစ်စိတ်ပြီး တစ်စိတ်ကောက်ဝါးနေတာ ရှောင်းကျင့်ကိုတောင်မကြည့်။ ရှောင်းကျင့်ကတော့ အစားစားနေတဲ့ ရိပေါ်ကိုကြည့်ရင်း ပီတိဖြာနေသည်။

" ချစ်စရာလေး "

" ဟမ် ဘာပြောတာ "

" ဝမ်ရိပေါ်က ဘာတွေစားလို့ ဒီလိုချစ်ဖို့ကောင်းနေတာလဲ ဟမ် "

ရှောင်းကျင့်က အသည်းတယားယားနဲ့ ရိပေါ်ရဲ့ ပါးကို ခပ်ဖွဖွဆွဲညှစ်လ်ိုက်သည်။

" ဦးလေးကြီးမြင်တဲ့အတိုင်းပဲ အသီးစားနေတာလေ "

" ဟာ ဦးလေးကြီးလို့ မခေါ်ပါနဲ့ဆိုကွာ "

24/7  COOL KIDWhere stories live. Discover now