Part - 10 ( Zg + Uni)

Start from the beginning
                                    

ဇာတ်ကားက ဘယ်ဆီနေမှန်း ဖြူဖြူ မသိတော့
ပါ။ ထက်ထက် ပြောတာတွေ နားထောင်ပြီး
ခေါင်ယံမှိုင်း သူငယ်ချင်းတွေကို ဖြူဖြူ ပိုပြီး
သိလာခဲ့သည်။ ခေါင်ယံမှိုင်းတို့ သူငယ်ချင်း
သုံးယောက်ထဲမှာ ထက်ထက်ကို ကူညီပေးခဲ့
သော ထူးခြားနား ကို ဖြူဖြူ ပို၍ အမြင်ကြည်
မိသည်။

"  ဟေ့ နင် ဟိုဘက်သွားထိုင်ပေး....!!
ငါ ဒေါ်ဖြူဖြူ နဲ့ စကားပြောချင်လို့... "

ရုတ်တရက် အနားရောက်လာကာ ထက်ထက်ကို
ဖယ်ခိုင်းနေ၍  ဖြူဖြူ ဖယ်မပေးနဲ့ဆိုပြီး
ထက်ထက် ကို မျက်စပစ်ပြနေရသည်။

သို့သော် ဖြူဖြူ ကြိုးစားမှုက အရာမထင်ပါ။
ထက်ထက် မှာ ကြောက်ပြီး ခေါင်ယံမှိုင်း
ပြတဲ့ ထိုင်ခုံကို သွားထိုင်ခဲ့သည်။
ထက်ထက် ထိုင်တဲ့နေရာမှာ စနိုး ဆိုသော သူ့
ကောင်မလေး ကိုရော ဖြူဖြူ မမြင်ပါ။
ကြည့်​ရတာ ပြန်သွားပြီလား မသိဘူး။

ထက်ထက်လည်း သွားရော ထက်ထက်
ထိုင်တဲ့ နေရာကို သူ့က ဝင်ထိုင်ပြီး
ဖြူဖြူ အနား ကပ်လာလေသည်။

ဒီတော့ ဖြူဖြူ လည်း ကြောက်ပြီး နောက်ကို
ဆုတ်ပစ်လိုက်သည်။ ဖြူဖြူ ဆုတ်တာနဲ့
သူ့ကလည်း ထပ်ဆုတ်လာလေသည်။

" မင်း ဘယ်လိုဖြစ်နေတာလဲ ခေါင်ယံမှိုင်း..?? "

" အဲ့ဒါ ခင်ဗျားကို ပြောရမှာ ဒေါ်ဖြူဖြူ..!!
ခင်ဗျားကသာ ကျုပ်လာတာနဲ့
နောက်ဆုတ်နေတာလေ "

" မင်း လာလို့ ဆုတ်တာ....မင်း မလာရင်
ငါ ဆုတ်စရာမရှိဘူး "

" အေး ဆုတ်စမ်း...!! ခင်ဗျား ဆုတ်ရင်
ခင်ဗျား ရဲ့ scholarship ဆုလေးက...."

" တော်စမ်း ခေါင်ယံမှိုင်း...!! တစိတ်ရှိ
မင်း ငါ့ကို အဲ့ဒါနဲ့ပဲ ခြိမ်းခြောက်မနေနဲ့ "

"  ခင်ဗျားမို့လို ခြိမ်းခြောက်တာ "

" မင်း... လူယုတ်မာ!!  "

" ကျုပ် မယုတ်မာရသေးဘူးနော် ဒေါ်ဖြူဖြူ..!!
စကားကို ဆင်ခြင်ပြော.. ကျုပ် ယုတ်မာမှ
ခင်ဗျား ဟုတ်ပေ့ ဖြစ်နေမယ်...
ပြစမ်း ခင်ဗျား လက် အနာကျက်သွားပြီလား..? "

လက်တောင်းတာ မပေးဘဲ လုပ်နေ၍ ခေါင်
သိပ်စိတ်မရှည်ချင်တော့ပါ။

အချစ်ကသူ‌စေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now