Part - 10 ( Zg + Uni)

Start from the beginning
                                    

ဖြူဖြူ ကို ကြည့်ကာဆိုနေ၍ ငြိမ်သက်စွာနဲ့
ဖြူဖြူ နားထောင်ပေး​နေလိုက်သည်။

တကယ်တမ်း ထိုအကြောင်းရာတွေက ဖြူဖြူ
သိပြီးသားတွေပေ။

" ခေါင်ယံမှိုင်းတို့က အရမ်းချမ်းသာတာလေ...
ခေါင်ယံမှိုင်းတို့ အဖွဲ့ထဲမှာ ခေါင်ယံမှိုင်း က
အချောဆုံးနဲ့  အချမ်းသာဆုံး.....
နင် သိလား ခေါင်ယံမှိုင်း က ငယ်ငယ်က
တည်းက သူ့ အဘွားရဲ့ အမွေတွေ အများကြီး
ရထားခဲ့တာ.... ခေါင်ယံမှိုင်း က အဲ့ဒီ
အမွေတွေနဲ့ ဘားထောင်ထားတာ....
ဘားနာမည်က Love and shadow
တဲ့... အဲ့ဒီ LAS ဘားက ခေါင်ယံမှိုင်း
ထောင်ထားတာ သူ့ အသက် ဆယ့်ငါးနှစ်ကတည်းက
....အခုဆို သူ ထောင်ထားတာ သုံးနှစ်
ရှိသွားပြီ  အဲ့ဒီဘားက အရက်တင် မကဘူး
ဖဲ၊  လောင်းကစားအမျိုးစုံ၊  ဂျင်တွေရော၊
ဘိလိယက်ရော၊  စားသောက်ဆိုင်တွေရော
အစုံရတယ်.... အဲ့ဒီ ဘားဝင်ငွေက
ခေါင်ယံမှိုင်း အဖေ company ထက်
မလျော့ဘူး....တအားကို လူစည်တာနော်
ခေါင်ယံမှိုင်း အကြောင်းကို စိတ်ဝင်စားတာနဲ့
ဒါတွေကို ငါ စုံစမ်းထားတာ "

ခေါင်ယံမှိုင်း ကြားသွားမှာစိုးပြီး နားနားကပ်ကာ
တိုးတိုး တိုးတိုးပြောနေသော ထက်ထက်
စကားတွေက ဖြူဖြူ ကို အံ့ဩမသွားစေပါ။
ဖြူဖြူ  ဒီထက် ပိုပြီး ခေါင်ယံမှိုင်းကို
ကြည့်မရပဲဖြစ်မိသည်။

" ဒီလိုတွေကြောင့် ကျောင်းက
ကောင်မလေးတွေက ခေါင်ယံမှိုင်းဆို အသေရရ
အရှင်ရရ သိပ်ကို လိုချင်ကြတာလေ...
ခေါင်ယံမှိုင်း က ရုပ်ရှိရေလျှံလေ
ခေါင်ယံမှိုင်း ပြီးရင် ကျောင်းက ကောင်မလေး
တွေ တွဲချင်တဲ့ လူက သွေးသစ်ဖြိုး လေ
သွေးသစ်ဖြိုး က ခေါင်ယံမှိုင်း လိုပဲ
ရည်းစား တအားရှူပ်တာ....ဒါပေမဲ့လည်း
ခေါင်ယံမှိုင်းလို ရုပ်ရှိရေလျှံနေတဲ့ အတွက်
ကောင်မလေးတွေက သည်းသည်းလှုပ်ပဲ
သွေးသစ်ဖြိုး ပြီးရင် ကောင်မလေးတွေ
တွဲချင်တဲ့လူက ထူးခြားနား ...ထူးခြားနား က
တည်ကြည်တယ် ရည်းစား မရှူပ်ဘူး
တစ်ယောက်ပြတ်မှ တစ်ယောက်ထားတယ်
ခေါင်ယံမှိုင်း နဲ့ သွေးသစ်ဖြိုး လို
မဟုတ်ဘူး.... နေ့လယ်က practical
ခန်းထဲမှာ ငါ အရှက်ရမှာစိုးပြီး လက်ဆွဲနှုတ်ဆက်
ပေးလိုက်တာက ထူးခြားနား လေ "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now