" ဆရာမရေ   ကျွန်တော့်အခန်းထဲက ကော်ဖီကုန်သွားလို့  ဆရာမတို့ဆီမှာများ ရှိဦးမလား "

တာဝန်ကျဆရာမလေးများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခပ်တိုးတိုးမေးမြန်းကြသည်။

" ကျွန်မတို့ဆီလည်း မရှိဘူးဆရာ  worker တစ်ယောက်ကို သွားဝယ်ခိုင်းလိုက်ရမလား "

အလုပ်သမားတစ်ယောက်ကို သွားဝယ်ခိုင်းလိုက်မည်တွေးလိုက်ပေမယ့် မကြာခင် ခွဲစိတ် ခန်းကထွက်လာမည့် လူနာကို သွားကြိုရပေဦးမည်။

" နေပါစေတော့ ဆရာမ..  OT က patient လာရင် သွားကြိုရဦးမယ်လေ   "

(ခွဲစိတ်ခန်းက လူနာပြန်လာရင် သွားကြိုရပါမယ် )

" medical ward မှာတော့ ရှိတယ်ဆရာ   ဆရာ အရုဏ်ကလည်း ကော်ဖီမကြိုက်တော့ ဒီတိုင်းပဲသိမ်းထားလိုက်တာ  ကျွန်မသွားယူပေးမယ်နော်  "

( medical ward ဖျားနာဆောင်)

ဖျားနာဆောင်မှ ဆရာမတစ်ယောက်က အနားတွင်ရှိနေသဖြင့်  ပြောလာသည်။ အရုဏ်ဦး ဆိုသူရဲ့ အမည်ကိုကြားလိုက်ရုံဖြင့် အေးစက်စက် ခံစားချက်ကိုပါ ခံစားလိုက်မိသည်။ သူနှင့် Dr.အရုဏ်ဦးဟာ  တကယ်ကို ဆန့်ကျင်ဘက်လူနှစ်ယောက်ပင်။သူဟာ တစ်နေ့ ကော်ဖီတစ်ခွက်မသောက်ရမနေနိုင်ပေမယ့် အရုဏ်ဦးကတော့  ကော်ဖီကို တစ်စက်ကလေးတောင်မှ မသောက်သည့်သူ။

" အဲ့ဒါဆိုလည်း ကျေးဇူးပဲနော် ဆရာမ   "

ကောင်တာနားမှာ ဝင်ထိုင်လိုက်ပြီး  အနားရှိ လက်ထောက်ဆရာဝန် ဖြိုးသူကို မေးလိုက်သည်။

" OT က chart လာပို့ပြီလား  "

" ရောက်နေပြီဆရာ   post op treatment မပါသေးဘူးဗျ  "

" ပေး   ပေး    "

( chart_ လူနာမှတ်တမ်း

post op treatment ခွဲစိတ်ပြီး နောက်ညွှန်ကြားချက်များ)

ခွဲစိတ်ပြီးလူနာအတွက် ဆေးမပေးရသေးသဖြင့် မှတ်တမ်းထဲတွင်ချရေးရသည်။ ရေးရင်းနဲ့  အနားတွင်ရှိသော ဆရာမတွေကိုလည်း ညွှန်ကြားရသည်။

" ဆရာမရေ   OT patient ရောက်လာရင်  ECG လေး တစ်ချက်ဆွဲပေးပါဦး  ပြီးရင်  Dr. အရုဏ်ကိုလည်း  show ပေးပါဦးနော် "

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now