အိမ်ဘေးချင်းကပ်ရပ်မှာ အခန်းချင်းဆိုင် ပြတင်းပေါက်လေးတွေဟာ အဝါရောင်လူသားကို ငေးကြည့်ဖို့နေ့ရက်တွေ ဖန်တီးပေးခဲတယ်။
မှတ်မှတ်ရရ ကျွန်တော် ငါးတန်း ကျောင်းသားဘဝတုန်းကပေါ့ ။ ဘေးအိမ်ရဲ့ အဆိုးအပေဖြစ်တဲ့အကိုကြီးဟာ စီးကရက်တွေကိုလည်း အထာကျကျဖွာလေ့ရှိ့တယ်။ ဆေးလိပ်နံ့မခံနိုင်လို့ ရှုံ့မဲ့ နေတဲ့ ကျွန်တော်ကို ကြည့်ရင်း "မင်းက တကယ် ကလေးလေးပါပဲ"လို့ အကိုကြီး ဆိုလေ့ရှိ့တယ်။ တကယ်တမ်းမှာ အကိုကြိးက ကျွန်တော့်ထက် ၅ နှစ်ပဲ ကြီးတာပါ။
အကိုကြီးစက်ဘီးရဲ့ နောက်ကယ်ရီယာလေးကို အပေါင်းအသင်းနည်းတဲ့ ကျွန်တော့်အပိုင်စီးထားခဲတယ်။ အကိုကြီး ကျောင်းပြေးတဲ့နေရက်တွေမှာတော့ ကျောင်းဆင်းချိန်အမှီ ရောက်တဲ့နေရာက ပြန်လာကြိုလေ့ရှိ့တယ်။ ထိုအကြောင်းအရာများဟာ အတိတ်၏ ဂရုစိုက်မှု အပိုင်းအစများလည်း ဖြစ်ခဲ့သလို အကိုကြီးရဲ့ အိမ်က အဆူအဆဲကို ကင်းလွတ်ဖို့အတွက်လည်းဖြစ်ခဲ့တယ်။
ဆရာနံထွန်းတဲ့ ကျွန်တော်ဟာ အကိုကြီးကို ကျောင်းမပြေးဖို့နဲ့ စာကြိုးစားဖို့လိုတဲ့ အကြောင်း
မကြာခဏ ဆုံးမလေ့ရှိ့တယ်။
"ဟုတ်ပါပြီကွာ "လို့ပြောပြီး
စကားကိုဘယ်တော့မှ အရေးမလုပ်တတ်တဲ့ အကိုကြိးဟာ ကျွန်တော့်ရဲ့ အမုန်းအတီးခံလည်း ဖြစ်ခဲဖူးတယ်။
အချိန်ကာလတစ်ခုရဲ့ အလွန်မှာတော့
ပြီးတော့ တက္ကသိုလ်ရောက်သွားတဲ့အကိုကြီးဟာလည်း ငယ်ငယ်တုန်းကလို အပေအတေလေး မဟုတ်တော့ဘူး။ ဒီလိုနဲ့ ဂျင်းပန် ကို စမက်ကျကျဝတ်တတ်တဲ့အကိုကြီးဟာ ရွာက ကောင်မလေးတွေရဲ့ အသည်းစွဲဖြစ်လာခဲတယ်။ ကျွန်တော်အသက် ၁၄ နှစ်မှာ
တော့ အကိုကြီးက ၁၉ နှစ်အရွယ် လူပျိုကြီးဖားဖား ဖြစ်နေခဲပြီ။
ဒီနှစ်တွေမှာ အကိုကြီးနဲ့ အဆက်အသွယ်မပြတ်ခဲဘူး။ အကိုကြီး ကျောင်းပြီးလို့ မြို့က ပြန်လာတဲ့အခါပဲဖြစ်ဖြစ် ၊ ခရီးတစ်ခုခုထွတ်ပြီးပြန်လာတဲ့အခါပဲ ဖြစ်ဖြစ် ကျွန်တော့်အတွက် လက်ဆောင်တစ်ခုတစ်လေတော့ ပါလာစမြဲ။ စီးပွါးရေးအဆင်ပြေတဲ့ မိသားစုမှာ မွေးလာတဲ့ အကိုကြီးအတွက် လက်ဆောင်ပစ္စည်းတွေဝယ်လာဖို့ သိပ်အပန်းမကြီးခဲ့ဘူး။ ကိုးတန်း စာမေးပွဲနီးလာတဲ့အချိန်မှာတော့ အကိုကြိးဆီက ဝင်လာမယ့်ဖုန်းကို ကျွန်တော် မျှော်မိခဲတယ်။
YOU ARE READING
Yellow Window
Short Storyဒီတစ်ခါတော့ ကျွန်တော့်ရှိ့ရာအရပ်က တိမ်တွေကို အကိုကြီးရှင်သန်ရာ ကျွန်တော့်ဇာတိ့မြေဆီ တလွင့်လွင့် ။
