"ဒီတစ်လုံးက ငါ့အသဲလေးအတွက်၊ မွ"

Fly kiss‌ေလးပါ ပေး၍လှမ်းပြောလိုက်ရာ မင်းစိုင်းသာ၏မျက်နှာဖြူအုအုလေးတွင် ဆေးနီနီများရဲခနဲပင်။ကွင်း‌ေဘးမှ ကောင်မလေးအချို့ကလဲ အမှတ်ရတုန်းကအားပေးသောအသံထက် ပိုကျယ်သောအသံဖြင့်အော်ကြလေသည်။

"အား၊ ချိုလိုက်တာ ချိုလိုက်တာ။ ဒီနေ့အဖို့လာအားပေးရတာအရမ်းတန်တာပဲ"

နှင်းစက်လင်းနှင့် လရောင်ငေးသည်တော့ ရည်းစားမရှိသူများမှန်းသိသာလှကာ ထိုမြင်ကွင်းကို စိတ်မသက်မသာဖြင့်ငေးကြည့်နေကြလေသည်။လရောင်ငေးဆိူလျှင် နှုတ်မှတီးတိုးစွာဖြင့်

"ငါကိုယ်တိုင် ငါ့လက်နဲ့ဖန်ဆင်းပြီးရေးခဲ့လို့သာ ဒီလောက်သည်းခံနေတာ၊ အပြင်မှာ ငါ့ရှေ့အဲ့လိုသာ လာပလူးပြရင် ရိုက်သတ်ချင်လိုက်တာနော်"

ဤသို့ဖြင့်ထမပွဲစဉ်ပြီးချိန်တွင်တော့ 15 : 9ဖြင့် အပြတ်အသတ်နိုင်ပေသည်။ဒုတိယပွဲစဉ်ပြန်မစခင် ခဏနားကာ အမောဖြေနေတုန်းတွင် နေနိုင်းမာန်လေးအနားသို့ မင်းသွန်းညှာသည် တိုးကပ်သွားလိုက်သည်။ထို့နောက် နေနိုင်းမာန်လေး၏နဖူးထက်တွင်သီးနေသော ချွေးပေါက်ကလေးများကို ပုဝါဖြင့်အသာအယာသုတ်ပေးလိုက်သည်။ထို့နောက် ရေဘူးတစ်ဘူးကိုအဖုံးဖွင့်ကာ နေနိုင်းမာန်လေးဆီကမ်းပေးလိုက်သည်။

"အရမ်းတွန်းပြီးကစားမ‌ေနနဲ့ဦး နိုင်းလေး၊ တော်ကြာမောနေရင် ကျောင်းတက်ချိန်ကြစာကိုအာရုံမစိုက်နိုင်ပဲနေမယ်။ ဂရုစိုက်ဉီး။"

စိတ်ပူ၍ ဆူပူသလိုပြောသောစကားကို သူကဖြင့်အပြုံးဖြင့်ခံယူလိုက်မိသည်။

"ဟုတ်ကဲ့ပါ ကိုကိုရဲ့၊"

'ဒီကောင်တွေကိုမှတ်လောက်အောင်ဆုံးမပြီးမှပဲ ကိုကို့စကားကိုနားထောင်တော့မယ်‌ေနာ်၊.'

စိတ်ထဲမှစကားသံအချို့ကိုတော့ သိကြားစေရန်ထုတ်ဖော်လဲပြောမနေတော့ပေ။

လရောင်ငေးသည်လဲ ကွင်းဘေးတွင်ထိုင်ချကာအမောဖြေနေသော မင်းခေဆ်လှိုင်းနားကိုသွားကာ ရေဘူးပေးလေသည်။ သူရေဘူးကမ်းပေးသည်ကိုမြင်သော် မင်းခေတ်လှိုင်းသည် မျက်မှောင်ကြုတ်၍ ခပ်ရွဲ့ရွဲ့အသံဖြင့်

ငါကဗီလိန်! [Uni + Zaw]Where stories live. Discover now