" ဆရာမိုးသောက်  မင်္ဂလာပါ  "

" မင်္ဂလာပါ  "

" ဟာ  ဆရာ သန့်လှချည်လား  "

" ပုံမှန်ပါပဲဗျာ "

အပြန်အလှန်နှုတ်ဆက်နေကြရင်း  သူနာပြုဆရာမလေးက ထအော်သည်။

" ဆရာမိုးသောက်   "

" ဗျာ  "

" ဘာလို့ နှင်းဆီပန်းအနီကြီး ရင်ဘတ်ထိုးလာရတာလဲ   ဟာ   တကယ်ပါပဲ  ဆရာကလည်း      "

ဆေးရုံရှိ ဝန်ထမ်းများရဲ့ အစွဲတွေကို  ယခုမှပင်သတိရမိတော့သည်။ နှင်းဆီပန်းကို မြင်စဥ်ကတော့  လှလွန်းသဖြင့် ရင်ဘတ်မှာ ထိုးထားလိုက်ခြင်းသာ။ ဆေးရုံမှ အယူအဆတစ်ခုက ဝန်ထမ်းတစ်ယောက်ဟာ ဆေးရုံကိုလာစဥ်မှာ အနီရောင်ယူဆောင်လာခဲ့လျှင်  လူနာရှုပ်တတ်သည်တဲ့လေ။

" sorry ဆရာမရေ    ကျွန်တော် တကယ်ကို မေ့သွားလို့ပါဗျာ  ပြန်ဖြုတ်လိုက်ပြီနော်  "

ရင်ဘတ်က ပန်းကိုဖြုတ်နေသည့်အခိုက်မှာပဲ အရေးပေါ်ကားသံ တဝီဝီကို ကြားလိုက်ရတော့သည်။

"ဝှီ..ဝီ....ဝှီ...ဝီ    "

" ကဲ   ဆရာ  "

အပြစ်တင်သည်မဟုတ်ပေမယ့်  'တွေ့တယ်မလား ' ဆိုသည့်သဘောဖြင့် ကြည့်လာသည့် ဝန်ထမ်းတွေကြောင့်  ရယ်ရယ်မောမောနဲ့ သာ ငြိမ်နေလိုက်ရတော့သည်။ ကားပေါ်ပါလာသည့် ပရဟိတအသင်းမှ လူတစ်ယောက်က တာဝန်ကျ ဆရာဝန်ဆီသွားကာ  လူနာအကြောင်းသိသမျှ ပြောလာသည်။

"  ကားနဲ့ ဆိုင်ကယ် တိုက်တာ ဆရာ  ခြေထောက်ကျိုးသွားတယ်လို့လည်း ထင်တယ်ဆရာ   အခြားပြင်ပဒဏ်ရာတော့ ဆိုးဆိုးရွားရွားမရှိဘူး     မိသားစုတွေလည်း နောက်ကလိုက်လာနေပြီ  "

ထိုအချိန်မှာ ကျန်ရှိသည့် ဆရာဝန်အငယ်နဲ့ ဆရာမတွေကတော့  လူနာအနားပြေးသွားကာ  လိုအပ်သည့် စစ်ဆေးမှုများ လုပ်နေခဲ့သည်။ လူနာက သက်ကြီးပိုင်းအရွယ်  တိုင်းရင်းသား ယောကျ်ားတစ်ယောက်ပင်။ 

"ဆရာ၊ အစ်ကိုသီဟ BP က 80/60 ပဲရှိနေတယ်  Pulse ကလည်း နည်းနည်းတော့ faint ဖြစ်တယ်   ညာဘက်ခြေထောက် ကတော့  BB fracture ဖြစ်လောက်မယ်      "

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now