ယာယီတဲဆောက်ရာ၌ ယန်နဲ့ Sunghoo မှာ ပါတနာတွေဖြစ်၏... ယန်မှာ Jihoonကိုလိုက်ရှာဖို့ရာ အလွန်အလုပ်များနေသည်... ကျောင်းသားတွေမှာ စုကာ သူ့အား အကူအညီတောင်းနေကြသည်...

နောက်ဆုံးတော့ Activitiesတွေစဖို့ လူစုပြီဖြစ်သည်... ပထမဆုံး Activitiesကတော့ ဂိမ်းတစ်ခုပင်... သူတို့ကို အုပ်စုတွေခွဲလိုက်ပြီး အုပ်စုတစ်စုမှာတော့ လူလေးယောက်စီပါဝင်သည်... "ရေး! ငါတို့အုပ်တစ်စုတည်း" မင်ယောက အကျယ်ကြီးအော်လိုက်တာကြောင့် အားလုံး နားပိတ်ထားလိုက်ရသည်... သူက နေရောင်ခြည်လိုအမြဲတမ်းတက်ကြွနေတာပင်... ယန်၊ Jihoon၊ Sunghooနဲ့ မင်ယော့တို့က ဖြစ်သည်... ပထမပိုင်းဂိမ်းတွေကတော့ ပျော်ရွှင်တက်ကြွစရာတွေချည်း... နောက်ဆုံးဂိမ်းကိုတော့ "တောထဲတွင် အမဲလိုက်ခြင်း" လို့ခေါ်သည်... သတ်မှတ်ထားတဲ့အချိန်မှာ စခန်းချဧရိယာအတွင်းဖွက်ထားတဲ့ ပစ္စည်းတွေကို လိုက်ရှာရမှဖြစ်သည်... အုပ်စုတိုင်းက ကြိုးရောင်တစ်ရောင်စီကို လက်ကောက်ဝတ်တွင်ချည်ထားရ၏.. ယန်တို့အုပ်စုရဲ့အရောင်ကတော့ အဝါရောင်ပင်...

"စိတ်လှုပ်ရှားစရာမကောင်းဘူးလား... ငါတို့ဘာကိုအရင်ရှာတွေ့မလဲမသိဘူး" Sunghooက ပြောလိုက်၏... "ငါရောပဲ အရမ်းသိချင်နေပြီ" မင်ယော့က ထပ်ပြောလိုက်သည်...

နေဝင်တော့မယ့်အချိန်တွင် ယန်တို့အုပ်စုက ပစ္စည်းငါးခုရှာတွေ့ပြီဖြစ်သည်.. ထို့နောက် ခဏလောက်နားဖို့အတွက် ရပ်လိုက်ကြ၏..."Jihoon... မင်းအဆင်ပြေရဲ့လား"ယန်က ရေဘူးကိုယူရင်း သစ်ပင်အောက်မှာထိုင်နေတဲ့ ကောင်လေးအနားကို တိုးသွားလိုက်သည်... "အင်း..." Jihoonက ရေသောက်ရင်း ပြန်ဖြေလိုက်သည်...

"သွားရအောင်! သွားရအောင်!" မင်ယော့မှာ စိတ်လှုပ်ရှားနေတဲ့ ကလေးတစ်ယောက်လို ခုန်ပေါက်ကာ ပြောနေတာကြောင့် Sunghooမှာ ရယ်ကာ "မင်းမှာအားအင်တွေအပြည့်ရှိသေးတာပဲ" သူပြောလိုက်၏...

ထို့နောက် ဆက်သွားဖို့ရာ အားလုံးထလိုက်ကြသည်.. Jihoonကတော့ ယန့်နောက်ကနေ လျှောက်တာဖြစ်သည်.... သူက အချိန်တိုင်း ယန့်ကိုကြည့်နေ၏... ဒါက Omega လေးအတွက် ပထမဆုံးအကြိမ် သက်တောင့်သက်သာမရှိတဲ့ ပတ်ဝန်းကျင်မှာ ကြိုးစားနေရပုံပေါ်သည်... ယန်က Jihoonရဲ့ဖိနပ်ကြိုးပြေနေတာကို တွေ့တာကြောင့် Jihoonကိုရပ်ခိုင်းကာ သူကတော့ ထိုင်ချလိုက်၏... "မောနေပြီလား.. မင်းအရမ်းတိတ်ဆိတ်နေတယ်" ယန်ဖိနပ်ကြိုးချည်နေရင်းမေးလိုက်သည်..."ဒါ...ဒါက ကျွန်တော့်အတွက် ပ..ပထမဆုံးအကြိမ် တောင်...တောင်တက်တာလေ... အဲ့တာကြောင့်....."ယန်က သူ့လက်ကိုကိုင်လိုက်တာကြောင့် လန့်သွား၏... "ကိုယ်သိတယ်... အဲ့တာကြောင့်ပဲ ကိုယ်ဒီမှာရှိနေတာလေ" ယန်ပြောလိုက်သည်...

စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း (Omegaverse)Where stories live. Discover now