အခန်း(၁၂)- ဝမ်သခင်လေးရဲ့ပူပင်သောက

Start from the beginning
                                    

"အန်ကယ်ဝမ်.."

တစ်ယောက်ထဲအတွေးလွန်နေရာမှ တံခါးအသာခေါက်ရင်းအခန်းထဲဝင်လာတဲ့သူ့ရဲ့တူတော်စပ်သူလျှိုဟိုက်ခွမ်းကြောင့် သူဆတ်ထနဲမတ်တပ်ထရပ်လိုက်ရင်း

"လီယိုဘယ်မှာရှိလဲဆိုတာသိရပြီလား"

သူမေးတာကိုမဖြေပဲ မျက်နှာပျက်ယွင်းစွာဖြင့် ခေါင်းကိုသာတွင်တွင်ငုံ့ထားတဲ့ဟိုက်ခွမ်းကိုကြည့်ပြီး မချိတင်ကဲဖြင့် ခပ်ပြင်းပြင်းတောက်ခေါက်လိုက်မိသည်။ တူတစ်ယောက်အနေနဲ့ဟိုက်ခွမ်းကအားကိုးလို့ရတာမှန်ပေမယ့် ဒီတစ်ခါကိစ္စမှာတော့ ဟိုက်ခွမ်းကိုသူများစွာဒေါသထွက်မိသည်။ လီယိုမသွားခင်တစ်ရက်အလိုလောက်က လီယိုမသိအောင်အနောက်ကနေလိုက်ပြီးစောင့်ရှောက်ပေးဖို့ ဟိုက်ခွမ်းကိုမှာထားပေမယ့် သူ့အလုပ်နဲ့သူမအားမလပ်ဖြစ်နေတဲ့ဟိုက်ခွမ်းကြောင့် အခုလိုမျိုးမမျှော်လင့်ထားတာတွေကြုံလာရတာဖြစ်သည်။

"ဒီတစ်ပတ်အတွင်းမှာ လီယိုဘယ်မှာရှိနေလဲဆိုတာငါသိချင်တယ်။ မဟုတ်ရင် မင်းငါ့ကိုမျက်နှာလာပြစရာမလိုတော့ဘူး"

သူ့ကိုကျောခိုင်းလို့ သြဇာထန်နေတဲ့အသံဖြင့်ပြောလာတဲ့အန်ကယ်ဝမ်ရဲ့စကားအဆုံး ဟိုက်ခွမ်းခေါင်းညွှတ်လို့အရိုအသေပေးရင်း ထိုနေရာကနေလှည့်ထွက်လာမိသည်။ အခုချိန် အန်ကယ်ဝမ်ရဲ့ရင်ထဲမှာဘယ်လောက်တောင်သောကတွေများနေလိုက်မလဲဆိုတာ သူနားလည်ပါသည်။ ရိပေါ်မွေးပြီးကာစအရွယ်ကစလို့ အခုချိန်ထိမျက်စိအောက်ကအပျောက်မခံပဲ ရိပေါ်ပြောသမျှ လိုချင်သမျှကို အကြိုက်ဆောင်ပေးခဲ့တဲ့အန်ကယ်ဝမ်က ရုတ်တရက်အခုလိုမျိုးကြုံလိုက်ရတော့ ဆောက်တည်ရာမရဖြစ်နေမှာအသေအချာပင်။

ခြံရှေ့မှာသူ့ကိုရပ်စောင့်နေတဲ့အားချန်ကိုမြင်တော့ ဟိုက်ခွမ်းစိတ်မောစွာဖြင့် သက်ပြင်းချလိုက်မိသည်။ အခုချိန် ရိပေါ်ဘယ်ကိုရောက်နေမလဲ။ ထို့အတူ ရှောင်းကျန့်ကရော ဘယ်မှာများလဲ။ တွေးလေ တွေးလေစဥ်းစားလို့မရလေပဲမို့ သက်ပြင်းသာအကြိမ်ကြိမ်ချမိတော့သည်။

အန်ကယ်ဝမ်ကအခုသူ့ကို ရာဇသံပေးလိုက်ပြီဖြစ်သလို သူ့အနေနဲ့ကျပြန်တော့လည်း ရိပေါ်ကိစ္စကိုအန်ကယ်ဝမ်ထက်မနည်းစိတ်ပူနေရတာဖြစ်သည်။ ဒီကိစ္စကလွယ်လွယ်နဲ့ပြီးသွားမှာမျိုးမှမဟုတ်တာ။ အန်ကယ်ဝမ်ပြောသလိုပဲ ဒီတစ်ပတ်အတွင်းရိပေါ်နဲ့ပတ်သတ်ပြီးသတင်းတစ်ခုခုရမှဖြစ်မည်။

Dare You Escape?[Completed]Where stories live. Discover now