Part - 7 ( Zg+ Uni)

Start from the beginning
                                    

လှတယ်။ ဒီလိုကြည့်နေတာလေးက သိပ်ကို
လှတယ်။ အခုချိန် တစိမ့်စိမ့်ထိုင် ကြည့်ချင်နေပေမဲ့
လည်း Houses ကိုသာ ရောက်အောင်သွားရမည်။
နောက်ကျလို့ မဖြစ်။

>>>>>>>>>>>>>>>>>

Houses ဆိုတဲ့ ကားပြိုင်ကွင်းကို ရောက်တော့
သူ့က သူ့ သူငယ်ချင်းတွေ၊  တခြားကောင်လေး
တွေနဲ့ အလုပ်ရှူပ်နေလေသည်။

ဒီတော့ ဖြူဖြူမှာ အားတုန်းလေး ဂေဟာကို
ဖုန်းလှမ်းဆက်ပြီး ကျောင်းမှာ practical
ရှိလို့ နောက်ကျမည် ပြောလိုက်ရသည်။

ဒါပထမဆုံးပါ။ မာသာ ကို ဖြူဖြူ လိမ်ပြီး
ဖုန်းဆက်မိတာ။ မာသာက ဖြူဖြူကို စိတ်ပူပြီး
ဆင်းရင်​ သူလာကြိုရမလား ပြောလာခဲ့သည်။ဒီတော့
ဖြူဖြူမှာ မာသာကို ထပ်ကာထပ်ကာ
လိမ်လိုက်ရသေးသည်။

မုန်းတယ်...!! ဖြူဖြူ သူ့ကို အရမ်းမုန်းတယ်..!!
သူကြောင့် မာသာကို ဖြူဖြူ အခုလိုတွေ
လိမ်ပြောနေရတာ။

" ခေါင်ကြီး မဖြူဖြူ က နုလွန်းအားကြီးတယ်နော်..
ဖြစ်ပါ့မလား..?  ကားပြိုင်မောင်းရင်
မင်း တခြားကောင်မလေး​ကိုသာ
ခေါ်သွားလိုက်ပါလား..?? "

" ဟေ့ကောင် သွေးသစ်... ခေါင် ဘာကောင်လဲ
ဆိုတာ မင်း သိပါတယ်... ဘယ်တုန်းက
ကားပြိုင်မောင်းရင် သူနဲ့ ပါလာတဲ့လူ
ထိခိုက်လို့လဲ...?? "

ဟုတ်တယ် အဲ့တာလည်း မှန်တာပဲ...
ဒါပေမဲ့ မဖြူဖြူ က တခြား မိန်းကလေးတွေနဲ့
မတူ...နုနုဖပ်​ဖပ်​​လေးပေ။  ဒီတော့ စိတ်ပူရမည်။

" ငါ သိတယ် ခြားနား.. .ဒါပေမဲ့ မဖြူဖြူ က
နုနုလေးနော် တခြားမိန်းကလေးတွေလို
စပ်စလူးစိန် မဟုတ်ဘူး.. ..သူ ကြောက်နေလိမ့်
မယ် "

ခြားနား.. ခေါင် သည်းသည်းလှုပ်နေတဲ့
မလွန်ကြိုးဖြူဖြူ ကို သူရဲ့ သွေးသစ်က
ဂရုစိုက်နေလေတယ်။ ဒါ့ကို သူ မကြိုက်....
သွေးသစ် မိန်းကလေးတွေ ရှူပ်တတ်တာကို
သူ လက်ခံလို့ ရပေမဲ့ အခုလိုကြီး
တစ်ယောက်ယောက်ကို ဂရုစိုက်နေတာ
သူ မကြိုက်။ ဒီကောင်  မသိလေသလား...
သူ ကြိုက်နေတာကို... ဒါ့ကို သူ့ရှေ့လာပြီး
ဂရုစိုက်ပြနေတော့ ခေါင် ရဲ့ မလွန်ကြိုးဖြူဖြူ
ကို သူအမြင်ကပ်မိသည်။

အချစ်ကသူ‌စေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now