Part - 7 ( Zg+ Uni)

Start from the beginning
                                    

" ငါ ပြောတာကြားလား ခေါင်ယံမှိုင်း...!!
မလိုက်ဘူးလို့...!! "

ဖြူဖြူ မလိုက်ဘူးလို့ ပြောတာကို သူ့က
လီဘာပိုတင်လိုက်ပြီး မောင်းလိုက်သေးသည်။

ပထမတစ်ခါက သူ နမ်းမှာ ကြောက်လို့ ဖြူဖြူ
သူ ခေါ်တဲ့အတိုင်း ဆေးရုံလိုက်ပြီး
ဖြူဖြူ အနာကို ဆေးထည့်ပေးခဲ့ပြီးပြီ။

ဒုတိယ တစ်ခါတော့ ဖြူဖြူ မလိုက်နိုင်ပါ။
တော်ကြာ မာသာ နဲ့ ထွေးထွေး ဖြူဖြူ
ပြန်မလာလို့ အရမ်းကို စိတ်ပူနေလိမ့်မည်။

အခုကိုက လေးနာရီးထိုးပြီး ဆယ့်မိနစ်ရှိနေပြီလေ။

ဒီထက်မှောင်လာရင် မာသာတို့ စိတ်ပူနေလိမ့်မည်။

" ငါ ပြောတာကြားလား ခေါင်ယံမှိုင်း..!!
ကားကို အခုရပ်လို့...!! မရပ်ရင်
ကားsteering ကို ငါ ဆွဲလှုပ်မှာနော် "

ခေါင် သူကြောက်မယ်ထင်ပြီး ဒေါ်ဖြူဖြူ က
ကား steering ကို ဆွဲလှုပ်မယ်ပြောနေတော့
ရယ်တောင်ရယ်ပစ်လိုက်ချင်သည်။ သူ့ကို
ဒေါ်ဖြူဖြူ က ငကြောက်ထင်နေတာလား။

" လှုပ်စမ်းပါ ဒေါ်လွန်ကြိုးဖြူဖြူ...
ခင်ဗျား လှုပ်တာနဲ့ ကျုပ်ကလည်း
ကြိုက်ပြီးသား.... ကားမှောက်သွားရင်
လည်း နှစ်ယောက်သား ပျော်ပျော်ကြီး
ခံလိုက်မယ်လေ "

ကားကို ဒီထက်အရှိန်ပိုတင်မောင်းပြီး
ပြောနေသော သူ့ စကားတွေက မကြောက်
မရွံ့။ ဖြူဖြူ တော့ ဒီdangerous ကောင်နဲ့
ပတ်သက်မိတာ အရမ်းကို ကံဆိုးတာပဲ။

ကံကိုက ဆိုးလွန်းပါတယ်။သူ့လို ဘာကိုမှ
မကြောက်တဲ့ကောင်နဲ့ ဖြူဖြူ ပတ်သက်မိတာ။

သူ့က ဘာကိုမှ မကြောက်ပေမဲ့ ဖြူဖြူကတော့
ကြောက်သည်။ ဖြူဖြူ မှာ လုပ်ကျွေးရမယ့်
မာသာနဲ့ ပန်းမြိုင်ဂေဟာရှိသေးသည်။

ဒီတော့ ဖြူဖြူ သေလို့ မဖြစ်သေး။

ဒေါ်ဖြူဖြူက အတော်ကြောက်တာပဲ။ကားမှောက်
မယ်လည်း ပြောလိုက်ရော သူ့ကို ရန်စကားတွေ
ထပ်တွေ့မလာတော့ပါ။ဒါပေမဲ့လည်း
လက်သီးကို တင်းတင်းဆုပ်ထားပြီး သူ့ကို
စိတ်တိုစွာ ကြည့်နေတယ်လေ။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now