အပိုင်း(၄၉၁)

1.3K 106 1
                                    

အပိုင်း(၄၉၁) ရှီးယွင်သေဆုံးခြင်း ()
 
“အို...ဘာမှမဟုတ်ပါဘူး”ကုလော့ယွင် ပုခုံးတွန့်လိုက်ရင်း “ငါကမွေးကထဲကကြောက်တက်တဲ့ယသူတစ်ယောက်လေ...နင့်ကိုဒုက္ခိတဖြစ်အောင်လုပ်လိုက်ပြီးနောက်တခြားသူတွေငါ့ကိုလက်စားပြန်ချေမှာစိုးလို့...နင့်ကိုအဆိပ်ကျွေးထားခဲ့တာပဲ...ဒါပေမယ့်နင်စိတ်ချလို့ရပါတယ်...အဆိပ်ကနင့်ခန္ဓာကိုယ်ကိုမထိခိုက်စေပါဘူး...ငါအဆိပ်ပျံ့စေချင်မှသာပျံ့မှာပါ”
 
“သောက်ရှက်မရှိဘူး....”
 
ခွင်းနန် အံကျိတ်ကာနာကြည်းမုန်းတီးစွာဖြင့်သေစေ‌နိုင်လောက် တဲ့အကြည့်တွေနဲ့ ကုလော့ယွင် ကိုကြည့်လိုက်သည်။
 
“အရှက်မရှိတော့ရောဘာဖြစ်လဲ?နင်နဲ့ဘာဆိုင်လဲ?ဒီကိစ္စကငါနဲ့ ရှီးယွင် ကြားကကိစ္စ...နင်တို့ဝိဉာဉ်ဂိုဏ်းနဲ့အစထဲကကိုကဘာမှ မသက်ဆိုင်တာ...နင့်ဟာနင်ရှေ့ကကာဆီးကာဆီးလုပ်နေလဲ...ငါကတော့သူ့ကိုသတ်ပစ်မှာပဲ”
 
ပြောပြီးတာနဲ့ ရှီးယွင် ဆီသွားကာ...‌ခြေထောက်ကိုမြှောက်ပြီး ရှီးယွင် ခါးကိုတက်နင်းချပစ်လိုက်တာကြောင့်...ရှီးယွင် ၏ နာနာကျင်ကျင်အော်ဟစ်ငိုကျွေးသံထွက်ပေါ်လာလေရဲ့....
 
ကုလော့ယွင်...နင်အသေဆိုးနဲ့သေရလိမ့်မယ်...”
 
ကုလော့ယွင် နှုတ်ခမ်းများတွန့်ကွေးသွားကာခပ်ယဲ့ယဲ့ပြုံးလိုက် ပြီး “လောကမှာငါ့ကိုသေစေချင်တဲ့သူပေါင်းမြောက်မြားစွာရှိခဲ့ ပေမယ့်...တော်တော်များများကနင့်ထပ်အရင်သွားနှင့်ကြပြီလေ...ဒါပေမယ့်ငါကတော့ကောင်းကောင်းမွန်မွန်အသက်ရှင်နေဆဲပဲ...နင်လဲဒီနေ့မကူးပဲသွားတော့မှာဆိုတော့...ငါ့ကိုသေစေချင်တဲ့သူတွေကိုငရဲမှာတွေ့ရင်နှုတ်ဆက်လိုက်ဦးပေါ့...”
 
ဂျလွတ်...
 
ရုတ်တရက်သူမခြေထောက်က ၅၀၀ကီလိုဂရမ်လောက်လေးလာ ကာ ရှီးယွင် ခါးရိုးအားအစိတ်စိတ်အမွှာမွှာကျိုးထွက်သွားစေ၏။ ရှီးယွင် မျက်နှာသွေးတောင်မရှိတော့လောက်အောင်ဖြူရော်လာ ကာနာကျင်ရလွန်းလို့အော်ညည်းဖို့အားတောင်မရှိတော့ပေ...
 
“တော်လောက်ပြီ!”
 
ပိုင်ရှန်းထျန်း ခုံလက်ရမ်းကိုရိုက်လိုက်ကာခုံပေါ်မှထလိုက်ပြီး ကုလော့ယွင် အားရေခဲရိုက်ထားသလိုအေးစက်တောင့်တင်းနေ သည့်အကြည့်တို့ဖြင့်ကြည့်ကာ “သူ့ကိုသတ်မယ်ဆိုရင်လဲမြန်မြန် သတ်ပါလား?ဘာဖြစ်လို့အခုလိုနှိပ်စက်နေရတာလဲ?”
 
“မဟုတ်တာ”ကုလော့ယွင် ခေါင်းယမ်းလိုက်ကာ “သူ့ကို သတ်မယ့်လူက ဝူယွဲ့ လေကျွန်မမဟုတ်ဘူး..ကျွန်မကသူထွက် ပြေးသွားမှာစိုးလို့အရိုးတွေချိုးပစ်လိုက်ရုံသာ....”
 
ပြောပြီးတာနဲ့ကြည့်ရဆိုးနေသည့် ပိုင်ရှန်းထျန်း နဲ့ ရှီးယွင် ကို လစ်လျူရှူကာ ဝူယွဲ့ အားအပြုံးလေးဖြင့်ကြည့်လိုက်ရင်း “ဝူယွဲ့ အတိတ်မှာသူနင့်အပေါ်လုပ်ခဲ့သမျှအရာရာတိုင်းတွက်နင်သူ့ကိုအဲ့အတိုင်းပြန်လုပ်နိုင်တယ်...သူ့ရဲ့သေခြင်းတရားကနင့်လက်ထဲမှာပဲရှိတယ်ဆိုတာမမေ့ပါနဲ့”
 
ဝူယွဲ့ ခဏတာမှင်သက်သွားခဲ့ပြီးမှ ဝေရီရီ့ ကိုကြည့်လိုက်သည်။ သူမခေါင်းငြိမ့်ပြမှသာလျှင်သူမဖြည်းဖြည်းခြင်းသွားကာ ရှီးယွင် အနားတိုးကပ်လာသည်။
 
ရှီးယွင်...နင်ပြုခဲ့သမျှအရာရာတိုင်းကအဆုံးသတ်တစ်နေ့တော့နင့်ဆီပြန်ရောက်လာမယ်လို့နင်မထင်ထားခဲ့ဘူးမလား....ငါဒီလိုနေ့ကိုစောင့်နေခဲ့ရတာအရမ်းကြာပြီ....”
 
ဝူယွဲ့ အားပါးတရရယ်လိုက်၏။
 
သူမရဲ့ရယ်သံထဲအမုန်းတရားတွေကိုလက်စားပြန်ချေလိုက်နိုင်တဲ့ဝမ်းသာအားရမှုအပျော်များပါဝင်နေသည်။
 
“ဒီနှစ်တွေထဲနင့်စွမ်းအားတိုးစေဖို့သေဆုံးရတဲ့သူတွေဘယ်လောက်တောင်ရှိခဲ့ပြီလဲ?သူတို့ရဲ့စိတ်ဝိဉာဉ်စွမ်းအင်တွေစုပ်ယူခံခဲ့ရတဲ့တွက်ပါရမီရှင်ဘယ်လောက်တောင်ပျက်စီးသွားခဲ့ရပြီးပြီလဲ?သူတို့ရဲ့စိတ်ဝိဉာဉ်စွမ်းအားတွေကိုစုပ်ယူခွင့်မပေးတိုင်း...တစ်ကိုယ်ကောင်းဆန်ပြီးလောကကြီးကိုအကျိုးမပြုတဲ့လူ့ငနွားတွေအဖြစ်နင်အမြဲစွပ်စွဲခဲ့တယ်...ဒါပေမယ့်နင့်စွမ်းအားကြီးဖို့ကလောကကြီးနဲ့ဘာဆိုင်သလဲ?နင့်ကိုယ်နင်ငါတို့အားလုံးကိုကယ်တင်နိုင်မယ့်သူရဲကောင်းလို့ဘယ်နတ်ဘုရားမစလို့များတွေးလိုက်ရတာလဲ?”
 
ရှီးယွင် နဲ့မျက်နှာခြင်းဆိုင်မိသွားတဲ့အခါသူ့စကားစတို့ခေတ္တရပ် တန့်သွားခဲ့ပြီးမှဖြည်းဖြည်းခြင်းဆက်ပြောလိုက်သည် “ရှီးယွင် နင့်ဘေးနားကိုနင်ကြည့်ပါဦး...နင်သတ်ခဲ့သမျှပါရမီရှင်တွေကနင့်ကိုကျိန်ဆဲထားခဲ့တဲ့အတွက်နင့်မှာအကုသိုလ်ကံအညှိုးတရားတွေသိပ်များနေပြီ....အတ္တကြီးပြီးကိုယ့်အတွက်ကိုယ်ပဲသိတဲ့နင်လိုမိစ္ဆာမမျိုးကမှဒီကုန်းမြေတိုက်ကြီးတွက်စင်စစ်ငရဲ...ကပ်ဆိုးပဲ...”
 
ရှီးယွင်...ဝူယွဲ့ အားနာနာကြည်းကြည်းမုန်းမုန်းတီးတီးနဲ့ကြည့် လိုက်သည်။အကြည့်နဲ့တင်သာသေနိုင်ရင် အခုချိန်မှာ ဝူယွဲ့ တစစီ ဖြစ်နေလောက်ပြီ...
 
ငါသာစကားမပြောနိုင်လောက်တဲ့အထိအားနည်းမနေရင်...ဒီမိန်းမကိုအားရပါးရဆဲထုတ်ပြီးသတ်ပစ်လိုက်ပြီးပြီ...လို့ ရှီးယွင် တွေးလိုက်သည်။
 
ရှီးယွင်....နင်ကတကယ်သေချင်းဆိုးမပဲ...မပူပါနဲ့...ငါနင့်ကိုလွယ်လွယ်ပေးမသေပါဘူး...အတိတ်မှာတုန်းကနင်ငါ့ကိုနှိပ်စက်ခဲ့သမျှအရာရာတိုင်းတွက်ငါနင့်ကိုအစတစ်ထောင်တစ်သောင်းမကပိုနာကျင်အောင်လုပ်မယ်....”
 
ဘမ်း....
 
ဝူယွဲ့ သူမစွမ်းအားတွေကိုစုစည်းကာလက်ထဲမှဓားဆီတွန်းပို့လိုက် ပြီးနောက်သွေးအိုင်ထဲလဲနေသည့် ရှီးယွင် ကိုချိန်ထားလိုက်သည် လူတိုင်းဝိုင်းကြည့်နေကြတဲ့မျက်လုံးတွေအောက်...သူမဓားကိုဝေ့ယမ်းလိုက်ကာ...ကုလော့ယွင် တက်နင်းထားလို့ကျိုးကျေနေသည့် ခါးကိုခုတ်ဖြတ်ပစ်လိုက်သည်။

နတ်ဆိုးဧကရာဇ်ရဲ့ကြင်ယာတော်ဆိုးလေး(Evil Emperor's Wild Consort)حيث تعيش القصص. اكتشف الآن