ဘယ်လိုဖြစ်ပြီး အေးစက်စက် မျက်နှာထားတည်တည်နဲ့  ဟူးမန်းကောင်လေးကို ကြိုက်မိသွားပါလိမ့် ?

ထားပါလေ။
ငါ့ အပြစ်တွေပါပဲ။

အဲ့နေ့က ငါ သခင့်ကို တစ်သက်လုံး မိန်းမ မရပါစေနဲ့လို့ မကျိန်လိုက်သင့်ဘူး။

ဘေးအိမ်က ဟူးမန်းကို ဟိုကလှည့်ချောင်း ဒီကလှည့်ချောင်းနဲ့ ဒီရက်ပိုင်းမှာ သခင်တစ်ယောက် အတော်လေး ဂနာမငြိမ်ဖြစ်နေတယ်။

လက်သည်းတွေနဲ့ ကော်ဇောကို ခပ်ဖွဖွကုတ်ရင်း ငါ သခင့်ကို ကရုဏာသက်စွာ ကြည့်နေမိတယ်။

သေချာတယ်။ ငါ့ရဲ့ rut  အချိန်တွေတုန်းကတောင် သခင့်လောက် အိ‌န္ဒြေမပျက်ခဲ့ဘူး။

ကြည့်ရင်း ကြည့်ရင်း အာရုံနောက်လာလို့ ငါ သခင့် အိပ်ရာထဲမှာ ဝင်ကွေးနေလိုက်တော့တယ်။

_____

သခင်က ငါ့လောက်တော့ အဖြစ်မရှိပေမယ့် ကြိုးစားရှာပါတယ်။

သုံးရက်တစ်ကြိမ်လောက် ဘေးအိမ်ကို မုန့်တွေသွားပို့လိုက် ဟင်းတွေသွားပို့လိုက်နဲ့...

ကောင်လေးကတော့ မသိဘူး ကောင်လေးရဲ့ အမေကတော့ သူ့မြင်တာနဲ့ ပါးစပ် နားရွက်တက်ချိတ်တော့မယ်။

ကောင်လေးကတော့ ရုပ်တည်ကြီးနဲ့ ပြောရှာပါတယ်။

"အစ်ကိုက တော်တော်ခင်တတ်တယ်နော် မောင်မောင်ဇာတို့ စောတင်မောင်တို့ ဗိုက်ကလေးတို့လိုပဲ "

ခွီး...

အုတ်တံတိုင်းပေါ်ကနေ ခိုးနားထောင်နေတဲ့ ငါလေး အူတက်‌တော့မယ်။

မှန်တယ်ကောင်လေး။ ငါ့သခင်က ပေါကြောင်ကြောင်ရယ်။

တကယ်ဆို အစ်ကိုကမျက်နှာရူးကြီးလို့ ဒဲ့ပြောလိုက်သင့်တာ။

ငါ ကြိတ်ရယ်နေပေမယ့် ထိန်းလို့မရတော့ဘူး။

ကောင်လေးပြောတာကို အားရလွန်းလို့ မြေပေါ်မှာ လူးလှိမ့်ပြီး ပွဲခံချင်လာပြီ။

သည်းမခံနိုင်တဲ့ အဆုံး အုတ်တံတိုင်းပေါ်ကနေ လွှားခနဲ ခုန်ချလိုက်မိတယ်။

Money's DiaryWhere stories live. Discover now