ထိုမျက်လုံးပြာတွေနဲ့အရိပ်မဲမှပတ်ပတ်လည် လှည့်ကာ ထိုစကားတခွန်းထဲကိုရေရွတ်ရင်း ပိုပိုမြန်ကာသူ့ကိုလှည့်ပတ်နေသည်။
နားတွေပင်အူပြီး ခေါင်းတွေထိုးကိုက်လာသည်။
'အားး ရပ်စမ်း!!'
သူ့ရဲ့သြဇာရှိသော အော်သံကထိုနေရာမှာဟိန်းထွက်လာပြီ အသံတွေငြိမ်ကျသွားကာ အလင်းရောင်ဆူးဆူးတခုပေါ်လာသည်။
မျက်စိအစုံကိုမှိတ်ချလိုက်ပြီး ပြန်ဖွင့်လိုက်ချိန်မှာတော့ ထိုအိမ်နက်ကြီးကိုမြင်လိုက်ရပြန်သည်။
'အခုချိန်က နိုးထသင့်နေပြီမလား'
Alois'ဟေး V မင်းကဘယ်ကဘယ်လိုရောက်လာတာလဲ'
'ပြောတော့မလိုက်ဘူးဆို အခုကျတော့ သရဲလိုက်သလိုသွေးပျက်ပြီးပြေးလာပါလား'
'မင်းတို့ မင်းတို့ကဘယ်လိုလုပ်'
Joe'V အဆင်ပြေရဲ့လား'
'Joe Joeမင်းရောလား'
'ဘာလဲဟ ဒီကောင်ကြောင်တောင်တောင်နဲ့'
တနေ့ကလေးတင် အာသုဘ လိုက်ပို့လိုက်တဲ့ငါးယောက်ကမိမိရှေ့တင်အကောင်းပတိ
ဒါက ဘာလဲ သေသွားကြပြီလေ ဘာတွေဖြစ်နေပြန်တာလဲ ဒီေ-ာက်ရေးမပါတာကြီးက ဘာလဲ
Joe' V တခုခု...'
'ေ-ာက်ရေးမပါတာတွေ'
ထိုအိမ်မက်ကိုရင်းနှီးနေပြီးသားမို့ ဘယ်ချိန်ဘာဖြစ်မလဲသူသိသည်လေ။
သူကပဲအရင်ဉီးဆောင်ကာထိုအိမ်ကြီးထဲခပ်မြန်မြန်ဝင်သွားလိုက်သည်။'ဒီအရေးမပါတဲ့ အိမ်မက်ကမြန်မြန်နိုးဖို့အရေးကြီးတယ်'
ထိုညကအတိုင်းတပုံစံထဲဖြစ်ပျက်နေတာကြောင့်စရောက်ရောက်ချင်းမှာပဲ သူလှေကားအပေါ်သာပြေးတက်လာခဲ့လိုက်သည်။
သူကူညီဖို့မကြိုးစားမိတော့ပါ။
သူတို့အရင်သူ့ကိုတယောက်ထဲချန်ထားခဲ့တာမလား။
သူတို့သာမထားခဲ့ရင် ဒီအရေးမပါတဲ့အရာတွေကိုခနခနမက်နေရမှာမဟုတ်ဘူး။ နောက်ပြီး သူကူညီရင်တောင်မြေချပြီးနေပြီဖြစ်တဲ့သူတွေကအသက်ပြန်ရှင်လာမှာတဲ့လား။