ပိုင်းလုံးမကြီး

Start from the beginning
                                    

မခင်ဝင်းဆိုလျှင် လူတွေက ပိုင်းလုံးမကြီးတစ်ယောက်အဖြစ် အသိများကြသည်။ သူမက ယောက်ျားကြိုက် ကိုယ်လုံးကိုယ်ပေါက်မျိုးရှိ၍ ဒီအရပ်ထဲက ကြောင်သူတော် ယောက်ျား တော်တော်များများနှင့်လည်း အိပ်ဖူးသူဖြစ်သည်။ မြယမင်းတို့ ဆေးလိပ်ခုံကနေ သူမအိမ်ဆိုင်မှာ တင်ရောင်းရန်အတွက်ဆိုပြီး မကြာခဏ ဆေးလိပ်လာဝယ်ရာကနေ မြယမင်းနှင့် တစ်စတစ်စ မျက်မှန်းတန်းမိကြကာ ရင်းနှီးကျွမ်းဝင်လာခဲ့ရခြင်း ဖြစ်သည်။

သူမအနေနှင့် မြယမင်းကို စမြင်ရုံနှင့်ပင် သူမအတွက် အသုံးတည့်မည့် မိန်းကလေးတစ်ယောက်ဖြစ်နိုင်မှန်းကို သူမအတွေ့အကြုံအရ ကြိုသိနှင့်ပြီးလည်း ဖြစ်သည်။ ဒီကောင်မလေးကို တဖြည်းဖြည်း ဆွဲဆောင် သိမ်းသွင်းရမည် ဆိုပြီး အစီအစဉ်ချခဲ့သည်။

ဒီအရွယ် ချာတိတ်မကလေးတွေက များသောအားဖြင့် ရင်ခုန်စရာကလေးတွေ ဖွေရှာတတ်ကြသည်။ ပြီးတော့လည်း အောက်ခြေ လက်လုပ်လက်စား လူတန်းစားပီပီ ငွေကြေးကို မက်မောသည်။ ငွေရမည်ဆိုလျှင် ဘာမဆို လုပ်ရဲကိုင်ရဲ ရှိတတ်ကြသည်။ ရင်းလည်း ရင်းရဲသည်ဟု ဆိုရမည် ထင်ပါသည်။

သူမအိမ်အပြန်မှာ လမ်းကြုံဟုဆိုပြီး ဆေးလိပ်စည်းတွေ အိမ်ကို ပို့ခိုင်းရင်း စကားတွေ အတူတကွ ပြောဆို၍ လေကြောတည့်လာကြသည်။ မြယမင်း၏ သဘောထားရင်းမှန်ကို ဒေါ်ခင်ဝင်း သဘောပေါက်မိသွားသည်။

"သမီး ဖြစ်နိုင်ရင် ဒီအလုပ်ကနေ ထွက်ဖို့ စဉ်းစားစေချင်တယ်။ အဒေါ့်ဆီမှာ ငွေမြတ်မြတ်ကလေး ရနိုင်တဲ့ အလုပ်တချို့ရှိပါတယ်။ တဖြည်းဖြည်း သမီးသိလာလိမ့်မယ် "

မခင်ဝင်းက ပြောသည်။ သူမအိမ်ကို အကြောင်းမရှိအကြောင်းရှာပြီး မကြာခဏ မြယမင်းကို လာခိုင်းသည်။ ညအိပ်ညနေ နေခိုင်းတတ်သည်။ မြယမင်းတို့ အိမ်ကလွဲလို့ သူမနှင့်ဒေါ်ခင်ဝင်း အဆက်အသွယ်ရှိကြောင်းကို ရပ်ကွက်ထဲက အခြား ဘယ်သူတစ်ဦးတစ်ယောက်မှ မသိကြပါချေ။ အိမ်ကလည်း သူမကို ပြောဆိုမည့်သူ တစ်ယောက်မှ မရှိ။ စိုးရိမ်ပူပန်မည့်သူလည်း မရှိကြပါ။

အပြာစာWhere stories live. Discover now