Part 1

1.7K 168 30
                                        

Unicode :

အမှောင်မိုက်ဆုံးနေရာကို အတူလှမ်းခဲ့ကြတဲ့ခြေလှမ်းတွေဟာ တစ်နေ့အလင်းလက်လှဆုံးနေရာမှာ ပြန်လည်ဆုံဆည်းကြရန်ဆိုတာ ။ ။

မှန်ပြတင်းကိုထိုးဖောက်၀င်ရောက်လာသည့် နေရောင်ခြည်နုနုဟာ ကုတင်ကြီးကြီးထက်က ဖြူလွှလွှအိပ်ရာပြင်ထက်ကို ဖြာကျနေလျှက်။

' တီတီတီ တီ တီတီတီ တီ တီတီတီ တီ '

စောင်ဖြူဖြူကြားကထွက်လာသည့် လက်တံဖြူဖြူကလေးဟာ ကုတင်ဘေးနားရှိ စားပွဲပေါ်ကို ဦးတည်ဆန့်တန်းလိုက်သည်။

လက်ဖ၀ါးဖြူဖြူလေးသည် တစ်ခုခုကို စမ်း၍ရှာနေဟန်ရှိကာ ခေတ္တအကြာမှ ရှာတွေ့သွားဟန်ရှိပြီး လက်ဖ၀ါးဖြူဖြူထဲရောက်သွားသည့် နှိုးစက်ကလေး၏ ခလုတ်ကို ကော့ညွတ်သွယ်လျှနေသော လက်ညိုးကလေးနှင့် ဖိချကာပိတ်လိုက်မှ နှိုးစက်၏ တတီတီ အသံဟာ ရပ်တန့်သွားခဲ့သည်။

"နောက်ထပ် တစ်မနက်ခင်းပဲ "

အဖြူရောင်စောင်ထူထူကြီးကြားက ထထိုင်လာသည့် မိန်းမပျိုလေး၏ ညည်းတွားသံခပ်သဲ့သဲ့ဟာ နိုးကာစမို့ သြရှရှ။

မျက်လုံးထက်မှ Sleep mask ကိုဆွဲချွတ်လိုက်ပြီး မပွင့်တပွင့်သော မျက်၀န်းများနဲ့ သူမ၏ အခန်းကိုသူမ ​ေ၀့၀ဲကာ ကြည့်သည်။

" ရှစ်နာရီထိုး "

နာရီကိုကြည့်၍ အချိန်ကိုရေရွတ်ပြီးနောက် ကုတင်ကျယ်ကျယ်မှ သူမလေးဖင့်စွာထလိုက်သည်။
ပွင့်တစ်၀က်ဖြစ်နေသောလိုက်ကာကို အပြည့်ဆွဲဖွင့်လိုက်ချိန်မှာ ပို၍လင်းသွားသောနေရောင်ခြည်​က သူမ၏ မျက်စိများကျိန်းသွားစေတာကြောင့် ဆတ်ကနဲမျက်နှာလွှဲ၍ မျက်၀န်းတို့ကို မှိတ်ချလိုက်ရသည်။

ခပ်ရှည်ရှည်အရပ်ကိုဆွဲဆန့်သည့်အလား ခါးကိုဆန့်၍ အကြောဆန့်ကာ သွေးပူလေ့ကျင့်ခန်းတစ်ချို့ ပြုလုပ်လိုက်သည်။

'Knock Knock !'

" မမလေး အိပ်ရာထသင့်ပါပြီ "

" ၀င်ခဲ့ ကျွန်မနိုးနေပြီ "

သူမနောက်လှည့်လိုက်ချိန်တွင် အခန်းထဲတန်းစီ၀င်လာသည့် သူမအိမ်မှအိမ်အကူများ။
ထို့အနက်မှ နှစ်ဦးသည် သူမ၏ ရေချိုးခန်းထဲသို့ ဦးတည်ကာ ၀င်သွားသည်။

KARMA(back to memories)TIAMO S2Stories to obsess over. Discover now