Han: :ငါတို့ Hyunjin ကို ဖုန်းလှမ်းဆက်ကြမလား သူအတော်လေးဝမ်းသာသွားမှာ

Know: : ခဏလေး သေချာအောင်စောင့်ကြည့်ရမယ် သေချာတယ်ဆိုရင်တောင် ငါတို့အမြန်လှုပ်ရှားလို့မရဘူး အခု Felix က သွေးနုသားနုချိန် ကိုယ်တို့ အဝေးကနေပဲလိုက်ကြည့်ရင်း
နှစ်လ လောက်နေမှ ပြောကြတာပေါ့ နော်

Han: :အဲ့ဒါဆို အခုက ပြန်ကြမှာလား

Know: :ကိုယ်တို့အခန်းရှေ့ကနေ သွားကြည့်ရအောင် သွားချောင်းမယ်လေ

Han: :တော်ကြာ Chan ပြန်လာရင် ငါတို့ကိုမိသွားဦးမယ်

Know: :ရပါတယ်လာပါ မိတော့လဲ ဟီးဟီးပေါ့
နှစ်ယောက်သား သွားချောင်းတာ Chan က စားစရာဝယ်ပီးလို့ပြန်အလာ ပတ်ပြင်းတိုးပါလေရော်

Chan: : Lee Know နဲ့ Han? ???

Han: : Chan

Know: : ငါတို့ စကားပြောရအောင် ခဏလောက်ရမလား

Chan လဲ Lee know တို့ခေါ်လို့ လိုက်သွားလိုက်တယ်

Chan: :ဘာပြောမလို့လဲ မင်းတို့လဲ မြင်မယ်ထင်တယ်

Know: :ဒီဟာက တကယ်ပဲ Hyunjin ကလေးလား

Chan: :မင်းတို့ မယုံရင် ဘာလို့ လာချောင်းနေလဲ ပစ်ထားလိုက်လေ

Know: : တစ်မျိုးမထင်ပါနဲ့ ငါတို့ယုံပါတယ် ဒါကြောင့်လဲ ငါတို့မေးရတာပါ Hyunjin နဲ့ Felix ကိုပြန်အဆင်ပြေစေချင်တယ်

Chan: : ............

Know :: မင်းလဲ သိမှာပါ Hyunjin နောင်တရနေပီဆိုတာ သူဘယ်လောက်တောင် Felix ကိုရှာနေလဲ မင်းသိပါတယ်
( တကယ်လဲ Chan သိပါတယ် ဘာလို့ဆို Hyunjin ခဏခဏ Chan ဆီလာပီး Felix ဘယ်မှာနေလဲ အဆင်ပြေလား လာလာမေးနေပါတယ် လူကိုယ်တိုင်လဲလာသလို ဖုန်းလဲ ခဏခဏ ဆက်ပါတယ် lix ကို မပြောဘူးလို့ ဂတိပေးထားလို့ မဟုတ်ရင် သူပြောပြလိုက်တာကြာပါပီ တကယ် Hyunjinကိုသနားမိလို့ )

Know: : felix ရဲ့သဘောထားက ဘယ်လိုရှိလဲ မင်းသိမှာပါ

Chan: : lix ဘယ်လိုဆန္ဒရှိလဲ ငါမသိဘူး ဒါပေမဲ့ သူတို့ကိုပြန်အဆင်ပြေစေချင်တယ် အခုတော့ မဖြစ်နိုင်သေးဘူး

Know: : မင်းလဲ အဆင်ပြေစေချင်တယ်မလား ဒါတို့ ငါတို့ကူညီပေးရအောင်

အချစ်ရဲ့တန်ဖိုး ( Completed) Where stories live. Discover now