"အဟမ်း မင်းတို့ မနှောင့်ယှက်ကြနဲ့တော့"မက်စ်ဟာ ပြောလိုက်ပြီးနောက်မှာတော့ ဒန်နာရီကိုခေါ်သွားပြီးထွက်သွားတော့သည်။ဒန်နာရီဟာ သူ့ကိုကြည့်နေတဲ့သူတွေကြောင့် ပြန်ကြည့်မိလိုက်ပြီး ရှက်သွားပြီး မက်စ်ရဲ့လည်ပင်းကို တင်းကြပ်စွာဖက်လိုက်ပြီး ခေါင်းကိုဝှက်ထားလိုက်တော့သည်၊
မြို့စားမင်းအိမ်တော်ရောက်ချိန်မှာ မက်စ်ဟာ ဒန်နာရီကို ဒန်နာရီအခန်းထဲလိုက်ပို့လိုက်ပြီး မွေ့ယာပေါ်တင်လိုက်သည်၊
"ကလေးလေး ခဏနားလိုက်အုံးနော်" မက်စ်ရဲ့အသံဟာနူးညံ့နေပြီး အပြုအမူတွေကအစ ညင်သာလှသည်၊ဒန်နာရီဟာခေါင်းခါလိုက်ပြီး မက်စ်ရဲ့လက်ကို လှမ်းဆွဲလိုက်သည်၊
"အန်နာကော..."
" အကုန်လုံးကို သိနေတာလား" မက်စ်စကားကြောင့် ဒန်နာရီဟာဖုံးကွယ်ထားမနေတော့ဘဲ နတ်သူငယ်တွေဆီက​နေ သိကြောင်းပြောပြလိုက်သည်၊
"အန်နာရဲ့အခြေအနေက နည်းနည်းဆိုးတယ်...ဒါပေမယ့် ကလေးလေး အရင်နားလိုက်ပါ" မက်စ်စကားကြောင့် ဒန်နာရီဟာပိုမိုစိုးရိမ်လွန်ကဲသွားတော့သည်၊သူဟာ ကုတင်ပေါ်ကနေဆင်းလိုက်ပြီး မက်စ်အားမော့ကြည့်လိုက်တော့သည်၊
"ကျွန်တော့်ကို အန်နာဆီပို့ပေး..."မက်စ်ဟာ ဒန်နာရီကို ပွေ့ချီလိုက်ပြီး အန်နာအခန်းဆီကိုခေါ်ဆောင်သွားတော့သည်၊
*ပြင်းထန်လှတဲ့အမှောင်စွမ်းအင်တွေ!* ဇီနိုစကားကြောင့် ဒန်နာရီမျက်မှောင်ကုတ်သွားတော့သည်၊လူသားတစ်​ယောက်မှာ အမှောင်စွမ်းအင်တွယ်ငြိရုံနဲ့ ဘယ်လိုကြောက်စရာကောင်းတဲ့ဖြစ်အင်တွေ ဖြစ်ပျက်လာလဲဆိုတာကို ဒန်နာရီသိခဲ့သည်၊
အန်နာကို ကယ်တင်နိုင်လိမ့်မည်ဟု ဒန်နာရီယုံကြည်လှသည်၊ထို​နောက်မှာ စိတ်အေးအေးထားလိုက်သည်၊မက်စ်ဟာ အခန်းထဲကို ဝင်လိုက်ပြီးနောက်မှာ ဒန်နာရီကို အနီးနားက ဆိုဖာမှာတင်လိုက်သည်၊
"အမှောင်စွမ်းအားတွေ ပြင်းလွန်းတယ် သိပ်မကပ်နဲ့"မက်စ်စကားကြောင့် ဒန်နာရီဟာခေါင်းညိတ်လိုက်သည်၊တကယ်ကိုပင် ပြင်းထန်လှပြီး ဒန်နာရီဟာ ဇီနိုစကားကနေတဆင့် အမှောင်နတ်ဆိုးစွမ်းအားဟာ နှလုံးနားကိုရောက်နေပြီဖြစ်ကြောင်းနဲ့ အလင်းကျောက်နဲ့အသက်ဆက်ထားကြောင်းသိလိုက်ရသည်၊