Part - 3 ( Zg + Uni)

Start from the beginning
                                    

ပါးကွက်သေးသေးလေးနဲ့ တစ်ချို့  နေရာတွေမှာ
သွေးကြောစိမ်းပေါ်နေတာလေးကလည်း
အရမ်းကို ချစ်စရာကောင်းသည်။ 

နက်မှောင်ပြီး ကြည့်ရုံနဲ့တင် အိစက်ပုံပေါ်
တဲ့ ဆံပင်အရှည်ကြီးကိုလည်း သူမက
ပြောင်သိမ်းထား၍ ခါးအောက်ကို ဖြာကျနေသည်။
လေက တိုက်လိုက်တော့ သူမ ဆံပင်တွေ
လွင့်မြောသွားသည်မှာ ပန်းချီကားတစ်ချပ်​လိုပေ။

ခန္ဓာကိုယ်ကလည်း အပြစ်ပြောစရာမရှိလောက်အောင်
အချိုးအစားလှပနေတော့ လူမဟုတ်ဘူးလို့ကို
ထင်မြင်​မိသည်။

ရိုက်ဖို့ လက်ရွယ်ပြီး ဖြူဖြူ မျက်နှာမြင်တော့ ငေး
ကြည့်နေတဲ့ သူ့ မျက်ဝန်းတစ်စုံကြောင့်
ရင်ထဲ ဘယ်လိုကြီးမှန်းမသိပေ။

ဖြူဖြူ က ပုတဲ့အထဲ မပါပါ။ ဒါပေမဲ့ သူနဲ့ ယှဉ်လိုက်
ရင် ရင်ခွင်မှီ ဖြစ်​လို့သွားသည်​။

ကော်ဖီညိုရောင်နဲ့ တူသော သူ့ မျက်ခုံးတွေက
မည်းနက်ပြီး ညီညာသွယ်တန်းနေ၏ ။
မျက်လုံး တစ်စုံကလည်း စူးရှလွန်းအားကြီးလို့
တစ်ချက်ကြည့်မိတာနဲ့ ပြန်လည်ငေးကြည့်​ချင်
စရာကောင်းစေသည်။ အထူးသဖြင့် သူ့
နှုတ်ခမ်းတွေ...။  ယောင်္ကျား မတန်မဲ့ ပိရိ
သေသပ်ကာ နီရဲနေ၏ ။  ဆံပင်ကလည်း
ခရမ်းရောင် ဆိုးထားတော့ ဖြူဖြူ ကြည့်ဖူးတဲ့
ဇာတ်ကားထဲက မင်းသားလိုပေ။

နားတစ်ဖက်မှာ နားကပ်မည်းတွေနဲ့ ရှူပ်ယှက်တွေ
ခတ်နေ၏ ။  ရှူပ်ယှက်ခတ်ပေမဲ့ သူ ရှူပ်ယှက်
ခတ်တာက ကြည့်လို့ကောင်းနေသည်။
လက်မှာလည်း ဆူးချွန်လက်ကောက်တွေ၊
လက်ပတ်အမည်းတွေကပါ ပါသေးသည်။
ဒါ့တင်မကသေး တက်တူးတွေလည်း ထိုးထား
သေးသည်။

တက်တူးထိုးထားတဲ့ ကောင်လေးတွေဆို ဖြူဖြူ
မနှစ်သက်။  တက်တူးကို ဖြူဖြူ မုန်းသည်။

ဝတ်ထားတဲ့ အင်္ကျီ နဲ့ ဘောင်းဘီကလည်း
တစ်ကိုယ်လုံး အနက်တွေချည်း။

တခြားသူတွေ ဒီလိုဝတ်ရင် လိုက်မှာ မဟုတ်လောက်ပါ။
ဖြူဖြူ ရှေ့က သူ့ကတော့ အတော်လေး လိုက်
လေသည်။

သူ့ကို ကြည့်ပြီး  ​မေ့​နေရာက​နေ လူက
အသိဝင်​လာပြီး ​ကောက်ဖို့ မေ့နေတဲ့ ဖြူဖြူ
ပစ္စည်း​တွေကို ချက်ချင်း ကောက်ကာ ထွက်သွားဖို့
ပြင်လိုက်သည်။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now