ဘာသာရပ်စွမ်းရည်လာဖြေရတဲ့ ကျောက်တိုင်ရွာကနေ ငြိမ်းချမ်းတို့ရွာအထိ ခြောက်မိုင်လောက်ဝေးတာမို့ ဘာသာရပ်စွမ်းရည်ဖြေတာကို တစ်ညအိပ်လာခဲ့ကြရခြင်းပင်ဖြစ်သည်။
ဒါမှလည်း ကလေးတွေအတွက် နားချိန် စာဖတ်ချိန်ရတာဖြစ်သည်။အခုလည်း ငြိမ်းချမ်းတို့ရွာကိုအပြန်လမ်းက နွားလှည်းနဲ့ဆိုတော့ အနည်းဆုံးသုံးနာရီဝန်းကျင်တော့ကြာတတ်သည်။
ဝန်စည်စလည်တွေများလို့လမ်းမှာနွားကိုအနားပေးတာ လူနားတာနဲ့ဆိုရင် ဒါ့ထက်မကပိုကြာတတ်သည်။ဒါ့ကြောင့်ပဲ ကိုသာတုတ်ကအရင်တလိုပြန်နှင့်တာဖြစ်မည်။
မနက်စောစောထပြန်ဖို့ပြင်ထားတာဖြစ်ပေမဲ့ မနက်စာစားကြ၊အမှတ်တရဓာတ်ပုံတွေရိုက်ကြနဲ့ နည်းနည်းနေမြင့်သွားသည်။
ဒါပေမဲ့ ကံကောင်းထောက်မစွာ တိမ်တွေရှိနေတာရော တောအုပ်ကြားထဲအတိုင်းဖြတ်ပြန်ရတာမို့ သစ်ပင်ကြီးတွေရဲ့အရိပ်ရောကြောင့် ငြိမ်းချမ်းတို့အပြန်လမ်းမှာနေအရမ်းပူတယ်လို့မခံစားရပါ။
တောတန်းတွေကြားထဲကမြေနီလမ်းကလေးမှာ ငြိမ်းချမ်းတို့လှည်းသုံးစီးတည်းလည်းမက။အခြားရွာက ဘာသာရပ်စွမ်းရည်လာပြိုင်တဲ့လှည်းတွေရောပါတာမို့ အော်ကြ၊ဟစ်ကြ၊နှုတ်ဆက်ကြ၊စကားတွေပြောကြနဲ့ပျင်းစရာတော့မရှိ။
" ချစ်သောရေ… ဟိုးသစ်ပင်ပေါ်ကငှက်တွေကိုကြည့်စမ်း၊ တစ်ကောင်နဲ့တစ်ကောင် ကြည်ကြည်နူးနူးနဲ့ကြည့်ရတာ သာသာယာယာရှိလိုက်တာ၊ အဲဒါဘာငှက်တွေလည်းကိုချမ်း "
" အောက်ချင်းငှက်တဲ့ "
" ဟာ တကယ်ကြီး… လှည်းခဏရပ်စမ်းပါဦး သေချာမြင်ဖူးချင်လို့၊ ဒီအောက်ချင်းငှက်အကြောင်းကိုကြားဖူးတာပေါ့၊ သိပ်သစ္စာရှိတဲ့အကောင်တွေဆို "
" ဟုတ်တယ်… အဖိုဖြစ်ဖြစ်အမဖြစ်ဖြစ် တစ်ကောင်ကောင်သေသွားရင်… ကျန်လိုက်တဲ့အကောင်ကလည်းလိုက်သေတာပဲတဲ့ "
" အော.... သဘောကျလိုက်တာ၊ အချစ်ကိုဖြူဖြူစင်စင်လှလှပပနဲ့ သစ္စာရှိရှိချစ်သွားကြတာပေါ့ "
YOU ARE READING
💕 ချစ်သောအမောင်
Romanceနဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️ yawthawemaung နဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️
💕 Twenty-nine
Start from the beginning
