အခန်း ၂၄

Start from the beginning
                                    

ညိုလေးသည် မြက်ခင်းပေါ်၌ ဖိနပ်ခုထိုင်ပြီး မြိုင့်ကို မေ့ကြည့်သည် ။ မြိုင်ဟာ စာအုပ်ထဲ၌ စိတ်ဝင်တစားဖြစ်နေသည် ။ မြိုင့်ရဲ့ မျက်နှာဟာ ခန်းညားလှပပြီး ရင်ခုန်စရာကောင်းသည် ။ အနှောင်အဖွဲ့ အထုံးအဖွဲ့ ကြောက်ရွံ့မှုတွေ မရှိတဲ့ ထိုမျက်နှာလေးဟာ ညိုလေးက အပြုံးကြည့်၍ ငေးနေမိသည် ။ ညိုလေးရဲ့ မျက်ဝန်းတွေဟာ အသက်ဝင်သည်ထက်ကို ပိုလွန်းနေသည် ။ မြိုင့်ရဲ့မျက်နှာကို ရွှန်းရွှန်းစားစားကြည့်နေသည့် ညိုလေး၏ မျက်ဝန်းများဟာ အရောင်လက်လို့ တောက်ပနေသည် ။

မြိုင်သည် သတိကြီးသူ ပီသစွာဖြင့် သူမအားစူးစိုက်ကြည့်နေသည်ဟု ထင်ရသောကြောင့် ညိုလေးအား သစ်ပင်ထက်မှ ငုံ့ကြည့်မိပေတော့သည် ။ နှစ်ဦးသား မျက်လုံးချင်းစုံမိသည့်ကြောင့် အနည်းငယ်မျှ တုန်လှုပ်သွားကြတော့သည် ။ ရင်ထဲမှာလှိုက်သွားခဲ့ကြသည် ။ ခဏကြာသည်မှ မြိုင်နှင့်ညိုလေးတို့ အကြည့်ချင်းစုံရာမှ ဖယ်ရှားခြင်းပြုလိုက်တော့သည် ။

ညိုလေးသည် သူမရဲ့တုန်လှုပ်ထိတ်လန့်မှုကို ဖုံးမိရန်အတွက် ရှက်သွေးဖြာကာ စကားစလိုက်ပေတော့သည် ။

" မမမြိုင် ဘာစာအုပ် ဖတ်နေတာလဲဟင် ။ "

မြိုင်သည် ညိုလေးအား မထိတထိစွာသော မျက်ဝန်းညိုတို့ဖြင့် စွေကြည့်လိုက်ပေသည် ။

" မန္တလေးသမိုင်းကြောင်း ဖတ်နေတာ ။ "

" ပြောပြပါလားဟင် မမမြိုင် ။ "

" အို ဖတ်သာဖတ်နေတာ ။ ဘာမှသိတော့တာ မဟုတ်ဘူး ။ ဖတ်ပြီးတာနဲ့ မေ့ရောပဲ ။ "

" ဟင် မမမြိုင်ကလည်း ။ ကျွန်မကို မပြောပြချင်ရင်တောင် အဲ့သလို မညာပါနဲ့ ။ ဒီက ပျင်းလို့မေးတဲ့ဟာကို ။ "

" စာအုပ်တွေ ရှိနေတာပဲ ။ ပျင်းရင် ဖတ်နေပလားလို့ ။ "

ရုတ်တရက် လွှတ်ခနဲ ထွက်သွားမိတော့သည် ။ ညိုလေးဟာ ကောက်စိုက်သမတစ်ဦးဖြစ်သောကြောင့် အလယ်တန်းအဆင့်ကို အောင်မြင်ဖို့ ခက်ခဲနိုင်သည် ။ သို့ပေတည်း ညိုလေးသည် စားပွဲပေါ်က စာအုပ်တစ်အုပ်ကို လှမ်းယူလိုက်ပေသည်ကြောင့် မမမြိုင်မှာ အနည်းငယ်တော့ အံ့သြမိသွားသည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now