16''

6.3K 269 5
                                    

ယခုလက်ရှိရှောင်းကျန့်အရမ်းစိတ်ဆိုးနေပါသည်။
မနက်ပြန်ရောက်မယ်လို့ပြောပြီညနေ၂နာရီမပြန်ရောက်လာသောလင်ဖြစ်သူကိုစိတ်ကောက်ပါသည်။
.
.ပါလာသည့်နီနီရဲရဲစတော်ဘယ်ရီသီးတွေကိုကြည့်ပြီစားချင်စိတ်ကိုမနဲထိန်းချုပ်ကာ စူပုတ်ပုတ်ဖြင့်လက်ပိုက်ပြီSofaပေါ်ထိုင်နေလေရဲ့။
.
.ရှေ့ကစတေယ်ဘယ်ရီသီးတွေ ငါ့တို့ကိုလာစားပါလို့ခေါ်နေသလိုပဲ သွားရည်ယိုချင်စရာကြီးလို့။

”အချစ်က အစားဘူးပေါ့ရတယ်လေ မောင်အိမ်ကကောင်မလေးတွေကိုသွားကျွေးလိုက်မယ်လေ ”

စတော်ဘယ်ရီပန်းကန်ကိုကိုင်ဖို့လုပ်တဲ့သူလက်ကိုပုတ်ချကာခပ်မြန်မြန်ပင်ပန်ကန်ကိုယူလိုက်သည်။

”ငါစားမယ်.. ”

ဝမ်ရိပေါ်ရယ်ရင်းရှောင်းကျန့်ဘေးတွင်ဝင်ထိုင်လေသည်။

”မောင့်ကိုတစ်လုံးလောက်ကျွေးပါလား ”

ဝမ်ရိပေါ်ပါးစပ်ဟပေးတော့ ရှောင်းကျန့်ကလက်ထဲကိုင်ထားတဲ့အသီးကိုပါးစပ်ထဲထည့်ပြီပန်ကန်ကိုယူကာထပြီမ​ပေါ်ထပ်ကိုပြေးတက်သွားတော့သည်။

.
.ဝမ်ရိပေါ်မှာမျက်လုံးပြူးကာ ”ဟာ..မပြေးရဘူးလေ ရပ် ရပ် ဟ မြန်လိုက်တာ ”

ရှောင်းကျန့်ကအရေးပင်အလုပ်ပဲတချိုးထဲပြေးလေသည်။
မဖြစ်တော့ပါအောက်ထပ်ကိုဒီနေ့ပြောင်းနေမှပဲ။

အောက်ထပ်တွင်နေရာရွှေ့ပြောင်းကြတာမို့ လီရှန်ထင်နှင့်ဝမ်ရိပေါ်အိမ်ကအလုပ်သမားတွေတစ်ယောက်မှမနားရပေမဲ့ကုတင်ပေါ်ထိုင်နေသည့်ရှောင်းကျန့်ကအသီးစားမပျက်ပဲအခန်းသိမ်းနေတဲ့သူတွေကိုထိုင်ကြည့်နေသည်။

ညရောက်တော့ရှောင်းကျန့်ဟာတော်ရုံနဲ့မအိပ်ပဲဂျီကျနေတော့သည်။
ထိုင်ချော့ပေမဲ့ဘယ်လိုမှမရမွေးလာမည့်ကလေးတော့ကောက်စိန်လေးဖြစ်ရမယ်။
.
.
.”မောင် ငါကစတော်ဘယ်ရီချည်းပဲစားချင်တော့လေ မွေးလာမဲ့ကလေးက စတော်ဘယ်ရီလိုနီရဲရဲကြီးဖြစ်မလားမသိဘူး အီးးဟီးး ”

”ဟာ..ပေါက်ကရတွေ မငိုရဘူးလေ ”

”အီးးး ချောကလက်စားတော့ ကလေးလေးကချောကလက်ရောင်ကြီးမွေးမလားမသိဘူး ရွှတ် ”

/ေမာင့္ရဲ႕အမ်ိဳးသားငယ္//မောင့်ရဲ့အမျိုးသားငယ်/(Completed) Where stories live. Discover now