"အီးဟီးးး အဲ့ဒီစတော်ဘယ်ရီခင်းထဲသွားချင်တယ်လို့ "

"ရားး ဝမ် ရိပေါ်!!"

စောင်ပုံထဲတလူးလူးတလွန့်လွန့်နဲ့အငြိမ်မနေပဲပါးစပ်ကလဲအိမ်မက်အကြောင်းပြောကာငိုနေရှာသည်။
.
.

"ဟူတ်ပြီစားချင်သေးရင်မောင်ဝယ်ကျေွးမယ် အခုတော့အချစ်စားလို့ကုန်သွားပြီနည်းနည်းလေးမှမရှိတော့ဘူး ထ ဆန်ပြုတ်ဆင်းသောက်ရအောင် "

ထိုအခါမှစောင်ကိုဖယ်ကာ မျက်ရည်နှာရည်တွေသုတ်ရင်းထလေသည်။

"တကယ်ထပ်ဝယ်ပေးမှာလား.မင်းလိမ်ရင် ငါဒီအိမ်မှာမနေတော့ဘူး မားတို့နဲ့ပြန်နေမယ် "

"တကယ်ပါဗျာ မဆင်းနဲ့ မောင်ချီမယ် ကြမ်းပြင်မှာ ပန်ကန်အစလေးတွေရှိတယ် ရှမိမယ် "

ရှောင်းကျန့်ခေါင်းငြိမ်ကာလက်ကိုဆန့်ထုတ်လိုက်တယ်။

ခါးကိုခြေနှစ်ဖက်ဖြင့်ချိတ်တွယ်ကာလက်တွေကလဲလည်တိုင်ကိုဖက်တွယ်ထားပြီသူရဲ့လည်တိုင်ဆီမျက်နှာအပ်ပြီတရွှတ်ရွှတ်နမ်းနေလေသည်။
.
".အာ့ ဘာလို့ကိုက်တာတုန်း"

"မင်းလည်ပင်ကကိုက်ချင်စရာကြီး အဟိ သွားရာတောင်ကျန်နေပြီ "

"ဟာဗျာမောင့်ကို.အနိုင်ကျင့်နေတယ်ပေါ့ "

"ဟီးး ပြွတ်! "
ကိုက်ရာပေါ်ကိုခပ်ပြင်းပြင်းတစ်ချက်စုပ်နမ်းလိုက်သည်။

"အိမ်တော်ထိန်းလီ ဆန်ပြုတ်ပန်ကန်လာချပေးပါဦး "

"ဟုတ်ကဲ့ပါ "

"မောင့်ခွံ့ကျွေးရမလား "

"ဟင့်အင်းရတယ် ငါ့ဘာသာပဲစားမယ် "

ဇွန်းအပြည့်ခပ်ကာအားရပါးရစားလိုက်ချိန်တွင် ဖူးးး

ပါးစပ်ထဲဆန်ပြုတ်တွေကိုအကုန်မှုတ်လိုက်တာမို့ဝမ်ရိပေါ်မျက်နှာတပြင်လုံးစင်သွားတော့တယ်။

"ဝေါ့ အော့! "

ဇွန်းကိုပြစ်ချကာပြေးအန်တဲ့ရှောင်းကျန့်ကြောင့်ဝမ်ရိပေါ်မျက်နှာကိုတစ်ချက်ပွတ်ရင်းပြေးလိုက်သွားကာကျောပြင်လေးကိုပွတ်ပေးရသည်။
.
."အင့် ဝေါ့ အနံ့ညှီတယ် "

/ေမာင့္ရဲ႕အမ်ိဳးသားငယ္//မောင့်ရဲ့အမျိုးသားငယ်/(Completed) Where stories live. Discover now