အခန်း ၂၃

Start from the beginning
                                    

" မလာနဲ့ ။ မလာပါနဲ့ ။ "

ကိုယ်ဝန်နုနယ်နေသော မြိုင်ဟာ စံအိမ်အပြင်သို့ထွက်ရန်အတွက် တုန်ရီနေသော ခြေထောက်များနှင့် ခန္ဓာကိုယ်ကိုထိန်း၍ ရအောင်ထပေမယ့်လို့ ခြေထောက်များခွေယိုင်ကာ လဲကျသွားခဲ့သည် ။

အားပြု၍ နောက်တစ်ကြိမ်ထပ်ထပြီး ခြောက်လန့်စရာ အခန်းအပြင်သို့ ရအောင်ထွက်ပြီးသည်နှင့် လှေကားမှဆင်းရန် ကြိုးစားပေတော့သည် ။ ထိုအချိန် အနောက်မှတစ်စုံတစ်ယောက်ရဲ့ တွန်းချခြင်းကို ခံလိုက်ရသည်ကြောင့် ကိုယ်ဝန်နုနယ်သောမြိုင်ဟာ လက်ထဲမှာကိုင်ထားသော အရုပ်တစ်ရုပ်ပြုတ်ကျသကဲ့သို့ ဒုတိယလှေကားဆင့်သို့ လိမ့်ကျသွားခဲ့တော့သည် ။

" အား ။ "

နာကျင်မှုဒါဏ်အား မြိုင် ခံစားလိုက်ရသည် ။ မြိုင့်ရဲ့ဗိုက်ဟာ နာကျင်သောဝေဒနာကို ထွေးပွေ့ထားသလိုဖြစ်လာသည် ။

" အား ။ အမေ့ကလေး ။ "

မြိုင်ဟာ မိခင်စိတ်ရှိစွာဖြင့် သူ၏ရင်သွေးငယ် တစ်စုံတစ်ခုဖြစ်သွားမည်ကို စိုးရိမ်ကြီးနေခဲ့သည် ။ အသက်ရှူသံများဟာ အခန်းထဲကထက် ပို၍ မြန်ဆန်လာတော့သည် ။

နံရံထောင့်ကို မှီကပ်လိုက်ပြီး အသက်ကို ဝအောင်ပုံမှန်ရှူသွင်းခဲ့သည် ။ သို့ပေတည်း အဖြူရောင်ထဘီတိုဝတ်ထားသော မြိုင့်ရဲ့ ခြေထောက်များအောက်၌ အနီရောင်သွေးရည်များ ပြည့်လျှံလာခဲ့သည် ။

" ဘာ ။ ဘာ ။ ဘာတွေ လဲ ။ "

အနီရောင်သွေးများဟာ မြိုင့်ဆီမှ ဆိမ့်ထွက်လာခြင်းဖြစ်သည် ။ အဖြူရောင်ထဘီတို၌ သွေးများဟာ ဆေးရောင်ဆိုးထားသလို ။

" ဟင့်အင်း ။ ဟင့်အင်း ။ မဖြစ်ရဘူး ။ ကလေး ။ အမေ့ကလေး ။ "

မြိုင်သည် သူမ ကိုယ်ဝန်ပျက်ကျသွားပြီ ဆိုတာကို သူမကိုယ်တိုင် သိနေသည် ။ အစ်ကိုနဲ့လက်ထပ်ပြီး ၅ နှစ်အကြာမှ ရလာခဲ့သည့် မြိုင့်ရဲ့ကိုယ်ဝန်ဟာ ၃ လအတွင်းမှာပင် ပျက်ကျသွားခဲ့ရသည် ။ ယူကြုံးမရဖြစ်ခဲ့ရပြီ ။

" အဟားဟား ။ အဟားဟား ။ "

မည့်သည့်နေရာက ထွက်လာမှန်းမသိတဲ့ ရယ်သံများကို မြိုင် ကြားရသည် ။ မြိုင်သည် တုန်လှုပ်ခြောက်ခြားနေပေသည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now