အပိုင်း-၃၇ (ပ)

Comenzar desde el principio
                                        

နောက်ဆုံးတော့ အားလုံးရဲ့ စိတ်အားထက်သန်မှုနဲ့အတူ သူကူးလီ နဲ့ လီချင်းယွင်တို့က ရွာတွင်ဆက်နေထိုင်ဖို့ ဆုံးဖြတ်ချက်ချလိုက်ကြသည်၊
ရွာသူကြီးမှာ အလွန်ပျော်သွားပြီး အားလုံးကို အိမ်ပြန်ခိုင်းစေပြီး အရသာရှိသော အသားနှင့် ဝိုင်များကို သွမ်ချူလျုန်အိမ်သို့ ယူဆောင်လာစေသည်။
သူတို့သည် လီချင်းယွင် နှင့် သူကူးလီကို ညစာစားပွဲတက်ရောက်ရန် နွေးထွေးစွာ ဖိတ်ကြားခဲ့သည်။
ခြံဝင်းရှိ အခြားအခန်းရှေ့တွင် ချမ်ရှီ နဲ့ ချမ်ဟွိုင်တို့က ထိုအဖြစ်အပျက်ကို အတူတူထိုင်ကြည့်နေကြသည်။။ ထိုအချိန်တွင် ချမ်ရှီက ချမ်ဟွိုင်ကို အိမ်စာများ သင်ကြားပေးနေပြီး သွမ်ကျားရွာရှိလူများရဲ့ ပြောင်းလဲမှုတွေကို ပဟေဋ္ဌိမျက်လုံးများဖြင့် ကြည့်နေမိသည်။

သူမတို့ မောင်နှမ နှစ်ယောက်ကို အမလျုန်အာလ်မှ ကယ်တင်မွေးစားခဲ့ပြီး သွမ်ကျားရွာသူရွာသားတွေက အပြင်လူတွေကို မကြိုက်ကြဘူးဆိုတာ သူတို့မောင်နှမ ၂ ယောက် အသိဆုံးပါပဲ။ ထို လူစိမ်း ၂ ယောက်ကို မနေ့ညက အခြေအနေနဲ့မတူ ဒီနေ့ကျ ရွာက လူတွေအားလုံးသဘောကောင်းပြီးကြိုဆိုနေကြတာကို မြင်တော့ သူမ အံ့ဩသွားမိတယ်။
"အစ်မ၊ အဲဒီအစ်ကို ကျုံအာလ်က အရမ်းကြည့်ကောင်းတာပဲ"
ချမ်ဟွိုင် က တိတ်တိတ်လေး ပြောလိုက်တယ်။
ချမ်ရှီ သည် လီချင်းယွင် ကို စိုက်ကြည့်ရင်း ရှုပ်ထွေးသောလေသံဖြင့်
"ပုံမှန်ဆို သူနဲ့အတူပါလာတဲ့သူကိုပဲ ပိုလှတယ်လို့ ထင်ရမှာပေါ့၊ ဟွိုင်အာလ်က ဘာလို့ ကျုံအာလ် ကို ရုပ်ချောတယ်လို့ ထင်ရတာလဲ?"
ချမ်ဟွိုင်က စိတ်ရှုပ်ထွေးသွားပြီး
"ယောကျာ်းတွေရဲ့ ပင်ကိုဗီဇလို့ ပြောရမလား"
ချမ်ရှီက ချမ်ဟွိုင် ခေါင်းကို ခေါက်လိုက်ပြီး
" မင်းက ဆံပင်တောင်မပေါက်သေးဘူး၊ တော်တော် လူကြီးဖြစ်ချင်နေပြီပေါ့၊ စာသာကောင်းကောင်းလုပ်၊ မလုပ်ဘူးဆိုရင်  ဒီည ညစာ မစားရဘူး"
သူ့အမက အရမ်းရက်စက်တာပဲ။ ချမ်ဟွိုင် က ဝမ်းနည်းဟန်ဖြင့် စာအုပ်ဖတ်ရန် ခေါင်းငုံ့လိုက်သည်။

ချမ်ရှီက သူကူးလီ နဲ့ လီချင်းယွင်ကို ကြည့်ရင်း သူတို့ ၂ ယောက်ပုံကို ကြည့်လိုက်တာနဲ့ တော်တော်မြင့်မားတဲ့ မိသားစုမျိုးနွယ်က လာမှန်း တန်းသိနိုင်သည်၊ အမလျုန်အာလ် နဲ့ တခြားသူတွေအားလုံးက သူတို့ကို ဝမ်းသာအားရ ကြိုဆိုနေပေမယ့် သူမအနေနဲ့ သူတို့ ၂ ယောက်ကို မျက်ခြေမပြတ်စောင့်ကြည့်ရမယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
.
ခြံဝင်းထဲတွင် ညစာစားပွဲ ကျင်းပရန်အတွက် စားပွဲများစွာကို ခင်းကျင်းထားပြီး ပြင်ဆင်ထားကြသည်။ သွမ်ကျားရွာက ရွာသူရွာသားတွေအားလုံး  ကြက်ကင်၊ ဘဲကင်နှင့် ငါး အပြင် ဝိုင်နီနှင့် မုယောဝိုင်တို့ကို ယူဆောင်လာကြပြီး ထိုညစာစားပွဲသို့ လာခဲ့ကြသည်။

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များDonde viven las historias. Descúbrelo ahora