ညဉ့်သန်းခေါင်တွင် လနှင့်အတူ ကြယ်များ ကောင်းကင်ယံထက်တွင် တဖျက်ဖျက်တောက်နေပြီး ပရဒိသုဖြစ်ပုံရသည့် ယွင်ဟူးတောင်စောင်းပေါ်ရှိ ဤရွာငယ်လေးကို လေအေးက တိတ်တဆိတ် တိုက်ခတ်သွားသည်။
သူကူးလီရှေ့တွင် အမှောင်ထု နဲ့ သူ့နားထဲတွင် တိတ်ဆိတ်မှုတို့က ငြိမ်သက်ခြင်းနှင့်အတူ ကြောက်စရာကောင်းလိုက်အောင် ပတ်ဝန်းကျင်က ဆိတ်ငြိမ်နေသည်။
သူငယ်ငယ်တည်းက တစ်ယောက်တည်းနေလာရလို့ ဒီလို အခြေအနေမျိုးနဲ့ အသားကျနေပေမယ့် ထိုကောင်လေး ရောက်လာပြီးတည်းက သူမရှိတော့ရင် တခုခု လစ်ဟာနေသလို ခံစားနေရသည်။
ကောင်လေးရဲ့ နှုတ်ခမ်းကြားကနေ ခံစားလိုက်ရတဲ့ နူးညံ့တဲ့ အထိအတွေ့က သူ့စိတ်ထဲမှာ အခုထိ ပြန်ပေါ်လာတုန်းပါပဲ။
သူယောက်ျားတွေကို မကြိုက်ဘူးလို့ ထင်ခဲ့ပေမယ့် ယနေ့ညပြီးသည့်နောက်မှတော့ သူ့ကိုယ်သူ သံသယဝင်လာပါတော့သည်။
နောက်နေ့မနက်....
လီချင်းယွင်က စောစောထကာ သူကူးလီအခန်းရှေ့တွင်ရပ်ပြီး တံခါးခေါက်လိုက်ကာ အခန်းတွင်း ဝင်လာလိုက်သည်။
သူ စကားပြောရန် ကြိုးစားသော်လည်း အဆိပ်ကြောင့် အသံမထွက်နိုင်လောက်အောင်
လည်ချောင်းမှာ ထုံထိုင်းနေသေးသဖြင့် လက်လျှော့ကာ အဝတ်အစားများကို ကောက်ယူလိုက်ပြီး သူကူးလီကို ကူဝတ်ပေးဖို့ ပြင်လိုက်သည်။
"မနေ့ညက..."
သူကူးလီ ရဲ့ အသံက ပျော့နေပြီး
"ကိုယ်တစ်ညလုံး အိပ်မပျော်ဘူး"
လီချင်းယွင် လက်များက တင်းမာလာသည်။
"ကျုံအာလ် ၊ မနေ့ညက ကိုယ့်အမှားပါ၊ မင်း စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်"
လီချင်းယွင်က သူကူးလီ ကို သူ့အဝတ်အစားတွေဝတ်ဖို့ ကူညီပေးခဲ့တယ်၊
ငယ်ငယ်လေးကတည်းက နူးညံ့သိမ်မွေ့တဲ့ ခန္ဓာကိုယ်နဲ့ အစေခံတွေနဲ့ ကြီးပြင်းလာခဲ့တဲ့သူက အခုချိန်မှာတော့ တခြားသူကို ဂရုစိုက်ပေးနေရပြီ။
"မိန်းကလေးသွမ် ကို နှုတ်ဆက်ပြီးရင် ကိုယ်တို့ ဒီကနေ ထွက်ကြမယ်။"
နှစ်ယောက်သား ပစ္စည်းတွေ ထုပ်ပိုးပြီး အိမ်ကထွက်လာကာ သွမ်ချူလျူန် ကို နှုတ်ဆက်ဖို့ ပြင်ဆင်လိုက်ကြတယ်။
မမျှော်လင့်ဘဲ အိမ်ရှေ့တွင် ရွာသူကြီး နှင့် ရွာသူရွာသားများက သူတို့ထွက်အလာကို စောင့်နေကြတာကို တွေ့လိုက်ရတယ်။
"သခင်လေး ၂ ယောက်၊ အပြင်မှာ ရာသီဥတုက အေးနေတုန်းပဲ၊ ဒီကနေ တောင်ခြေကို သွားဖို့ နာရီပေါင်းများစွာ ကြာမှာဆိုတော့ ၊ နှစ်ယောက်လုံးကလည်း ဒဏ်ရာတွေနဲ့ နေကောင်းကြသေးတာမဟုတ်ဘူး၊ ဒဏ်ရာတွေသက်သာမှပဲ သွားတာက ပိုကောင်းပါတယ်။"
"ဟုတ်တယ်... အားလုံးက သခင်ငယ်နှစ်ယောက်နဲ့ စားသောက်ပြီး ကျူရှူးရဲ့ လက်ရှိအခြေအနေကို မေးချင်ကြသေးတာ"
သွမ်ကျား ရွာရှိ လူအားလုံး ရုတ်တရက် စိတ်အားထက်သန်လာမှုကြောင့် လီချင်းယွင် အနည်းငယ်ပင် တုန်လှုပ်သွားခဲ့သည်။
သွမ်ချူလျုန် က ပြုံးပြီး
"ဟုတ်တယ်၊ နောက်ထပ် ရက်အနည်းငယ်လောက်နေလိုက်ပါဦး"
လီချင်းယွင် ရဲ့ ဖီးနစ်မျက်လုံးများက အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး သူကူးလီ လက်ကို မသိစိတ်က ဆုပ်ကိုင်လိုက်ပြီး သူ့ (သူကူးလီ) ရဲ့ ထင်မြင်ချက်ကို သိချင်တဲ့အတွက် သူကူးလီကို ခေါင်းမော့ကြည့်လိုက်သည်။
ရွာသူကြီး၊ သွမ်ချူလျုန် နဲ့ ရွာသူရွာသားများအားလုံး လီချင်းယွင်က သူကူးလီလက်ကို အရင်စကိုင်တာ မြင်လိုက်ရတော့ သူတို့မျက်လုံးများ ထူးဆန်းသွားကြသည် ။
သူကူးလီ က
"အားလုံးရဲ့ ကြင်နာမှုတွေ ကြောင့် ကျေးဇူးတင်ပါတယ်။ ကျုံအာလ်ရော ကိုယ်တို့ နောက်ထပ် ရက်အနည်းငယ်လောက် နေရင် အဆင်ပြေမယ်လို့ ထင်လား။ "
YOU ARE READING
ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များ
FantasyMyanmar Translation of 反派帝王生存攻略 I don't own any of this novel. This is just a fan translation and all credits go to the original author. This translation might be a little different from original because there is no English translation. I will trans...
