Intro

1.2K 31 0
                                        

"ရှောင်းကျန့်လာဦး"

"ဘာပြောမလို့လည်းမား"

"ငါကပြောစရာရှိမှခေါ်ရမှာလား"

"အော်ဒါဆိုပြောစရာမရှိဘူးပေါ့ ဧကန မုန့်ဖိုးပေးမလို့လား"

ဂွက်!!!

"အ့ နာတယ်မားရ ဘာလို့ခေါင်းလာခေါက်တာလည်း"

"ကောင်စုတ်လေးငါကနင့်ကို ရိပေါ်လေးဆီအကြွေးသွားပေးခိုင်းမလို့ "

"ဟာ လုပ်ပြီမားတို့ကတော့ အဲ့မျက်နှာသေကောင်နဲ့သားနဲ့မတည့်ဘူးလို့ ဘယ်နှစ်ခါပြောရမလည်း"

"အံမယ် နင်ပြောတာအခုမှပါ သွားငါပေးခိုင်းတာသွားပေးအဲ့ပိုက်ဆံကဘယ်သူကြောင့်ဆက်နေရတာလည်းနည်းနည်းပါးပါးလည်းစဉ်းစားဦး"

အိမ်း။ ကိုကတဲ့ဇာတ်ကိုနိုင်အောင်ကရမှာပေါ့လေ။

အရင်လတုန်းကရှောင်းကျန့် ဖုန်းလေးတစ်လုံးဝယ်ချင်ပါရဲ့။ အိမ်မှာပိုက်ဆံမရှိတာနဟုတ် ရှိသည်။ ပါးပါးက သူဌေးဒါပေမယ့်သူကပြောတယ်။ ငါ့သား မင်းကအရွယ်ရောက်လာပြီ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီးပိုက်ဆံစုပြီးဖုန်းဝယ်ပေါ့တဲ့။ ဒါနဲ့ ငါလည်းစဉ်းစားကြည့်တာပေါ့ ငါ့ခြေထောက်ပေါ်ငါရပ်ပြီး ဘယ်လိုပိုက်ဆံရမလည်းပေါ့ တွေးလိုက်တော့ ဝမ်ရိပေါ် ဟိုဘက်နှစ်အိမ်ကျော်က ဘဝင်ရူး သူကငါ‌တို့နည်းတူပိုက်ဆံရှိတယ်။ ဒါပေမယ့်သူကလူသေလိုပဲမျက်နှာသေနဲ့ ဘဝင်လေဟက်တာလည်းပြောမနေနဲ့အဟွတ်!!အဟွတ် သူ့အကြောင်းချီးမွမ်းလွန်းအားကြီးလို့ချောင်းတောင်ဆိုးတယ် ။

"ဟဲ့ရှောင်းကျန့်!ဒီငနာလေးကတော့ သွားဆို"

"ဟွန့် သွားမယ် သွားမယ့် ကိုယ့်သားကိုအိမ်ပေါ်ကအတင်းနှင်ချနေတဲ့မားလို့ မားမျိုးကိုသားတစ်သက်မြင်တောင်မမြင်ဖူးဘူး"

ဆိုကာ အိမ်အပြင်သို့ဆောင့်ကြီးအောင့်ကြီး ထွက်လာခဲ့လိုက်သည်။

"ဝမ်ရိပေါ်!!!"

"ရိပေါ်!!"

"ဘာလည်းကွာ ဘာလည်း ငါ့အိမ်ရှေ့လာပြီး လပ်ခေါင်းထွက်အောင်အော်နေတာလား ဟမ်!"

"မသာ ငါကမင်းဆီအကြွေးလာပေးတာ မင်းအိမ်ရှေ့လာဖို့တောင် ငါ့ခြေထောက်သနတယ် ရှင်သလား!"

"ရှင်းတယ် ပေးပိုက်ဆံ ပေးပြီးရင်လည်းဂျောင်း !"

"ဟွန့် မင်းလည်းငါ့အိမ်နဲ့အတူတူပဲ"

"လျှာကရှည်ပြန်ပြီ ပိုက်ဆံပေးဆို"

"ရော့ ရော့ "

ပိုက်ဆံပေးပြီးတာနဲ့ ချက်ခြင်းအဲ့အိမ်အရိပ်ကနေထွက်လာခဲ့သည်။

ရှောင်းကျန့်...ရှောင်းကျန့်သူများအိပ်နေတာကို အနှောင့်အယှက်ပေးလွန်းတယ်။

ကြည့်နေငါ့ယောကျာ်းဖ့စ်လို့ကတော့မင်းအချိုးတွေအကုန်ပြောင်းပစ်မယ်အဟက်!။

အကြံကြီးလှပါတယ်အမောင်အိပေါ်ရယ် ခ်ခ်။

"ကြက်သတုံးကောင် သူ့အိမ်ကိုများငါကလာချင်လွန်းလို့များထင်နေလားမသိဘူး"

"ကျန့်ကျန့်"

"အမယ်လေး နားယားတာကွာအဲ့ကျန့်ကျန့်ဆိုတာကြီးမခေါ်ပါနဲ့လား "

"ကျန့်ကျန့်ကလည်း"

"မင်းမေကြီးတော်ကို ကျန့်ကျန့်နေလိုက်"

"ဟာ ကျန့်ကျန့်လေးရေ"

"ငါနောက်ဆက်မလိုက်နဲ့ လိုက်လို့ကတော့.."

ပါးစပ်ကပြောလည်းပြော အောက်ကအုတ်ခဲတစ်ခဲယူမြှောက်ပြီးပြောလိုက်တာက။

"ဒီမှာတွေ့လား"

"တွေ့တယ်လေ အုတ်ခဲ"

"အေး ဒီအုတ်ခဲကမင်းခေါင်းပေါ်ရောက်သွားလိမ့်မယ်"

ခေါင်းပေါ်ရောက်မယ်လည်းဆိုရောပြေးတာမှ အရိပ်တောင်မတွေ့တော့။

အဟက် ငါများဖွန်လာကြောင်နေတယ် နောက်တစ်ခါအဲ့နာမည်ခေါ်ရင်ဒီကောင်ကိုမှတ်လောက်သားလောက်‌ပညာပေးပြမယ်။

ငါ့ယောကျာ်းကအစွာလေးWhere stories live. Discover now