ဂရီဖင်လ်ကို မြင်မြင်ချင်း ပုံမှန်မဟုတ်တဲ့ ရင်ခုန်သံကို သူသတိထားမိပေမယ့်လည်း ဒါကခဏတာဖြစ်ပေါ်လာတဲ့ ခံစားချက်လည်း ဖြစ်နိုင်တာမို့ ဒီအပေါ်မှာ သူအရမ်းကြီး စိတ်နစ်လိုက်ဖို့ မသင့်ကြောင့် သူ့ကောင်းကောင်းသိ၏။

“Baby ပြောတာတော့ မင်းတို့ကဂျပန်ကလာတာဆို ဒါပေမယ့် နှစ်ယောက်လုံးက ပြင်သစ်စကားကို ကောင်းကောင်း ပြောတက်ကြတာ အံ့ဩစရာပဲ”

သူ့သားကို Baby လို့ခေါ်လိုက်တဲ့ ဂရီဖင်လ်ကြောင့်  ကိုးလ်မျက်နှာ တစ်ချက်ရှုံ့မဲ့သွားလေရဲ့။ ဒါတင်မက။ ဂရီဖင်လ်ရင်ခွင်ထဲကနေ သူ့အားလှမ်းကြည့်နေတဲ့ ယူကို ကိုလည်း မကျေနပ်ဟန်ဖြင့် မျက်စောင်းလှမ်းထိုးလေ၏။

“ကျွန်တော်တို့ နှစ်ယောက်လုံးက ဘာသာစကား တတော်များများကို ကျွမ်းကျွမ်းကျင်ကျင် တက်ထားတယ် အဲ့ဒီထဲမှာမှ အင်္ဂလိပ်ဘာသာ စကားနဲ့ ပြင်သစ်က အကျွမ်းကျင်ဆုံးပဲ ဘာကြောင့်လဲဆိုတော့ ကျွန်တော်သားအဖဆိုးတိုင်း မာမီက ပြင်သစ်ကိုပို့နေကြမို့လို့လေ”

အရင်ကတည်းက ပြင်သစ်ကို မကြာမကြာ အပို့ခရတဲ့ သူတို့သားအဖကို မာမီက ပြင်သစ်ဘာသာစကားပြောတက်အောင်‌ သေချာသင်ပေးထားသလို သူတို့ ဂျပန်မှာ သောင်းကျန်းတာများပြီ ဆိုရင်လည်း ပြင်သစ်ကိုပို့နေကြ။

ဒါပေမယ့် ဆိုးတာတစ်ခုက ပြင်သစ်ကို ပို့ခံရပြီဆိုရင် သူတို့သုံးနေကြ ကဒ်တွေကအစပိတ်ပြစ်ပြီး ပိုက်ဆံကို လိုသလောက်ပဲ လှမ်းထည့်ပေးသလို ဘာဆိုဘာမှလုပ်‌ခွင့်မပေးတော့။

ဒါကြောင့်လည်း သူတို့သားအဖမှာ ပြင်သစ်ကို မလာချင်တာပေါ့။ ဒါပေမယ့် အခုတော့ ပြင်သစ်လာရတာ တန်သွားသလိုပါပဲ။ ဂရီဖင်လ်ဆိုတဲ့ ဘဲကြီးကိုကြည့်ရတာ ရုပ်ရှိရေလျှံ ဘောစိပဲနေမှာ။

ဒီလိုဘဲကြီးမျိုးသား သူရလိုက်လို့ကတော့ ဘယ်လောက်တောင် မိုက်လိုက်မလဲ စဉ်းစားသာကြည့်တော့။

“ဒါဆို မင်းတို့သားအဖတွေက လူဆိုးလေးတွေပေါ့ ဟုတ်လား”

“ယူကိုတို့ကမဆိုးပါဘူးနော် ယူကိုတို့ကို သူတို့ကရန်လာလာစတာ အဲ့ဒါကြောင့် ယူကိုဒယ်ဒီက ပညာပြပေးလိုက်တာ နော် ဒယ်ဒီ”

-HOW TO DATE WITH SINGLE FATHER-Where stories live. Discover now