“သားအဖတွေလား”

“ဟမ်”

“ဒါမင်းသားလေးလားမေးတာ”

“ဟုတ်တယ် ကျွန်တော်သား”

ကိုးလ်အလိုမကျသလို ခပ်ဂျစ်ဂျစ်ဖြင့် ပြန်ဖြေလိုက်တော့ ဂရီဖင်ခ်ကခပ်ဖွဖွပြုံးလေရဲ့။ ပြီးတာနဲ့ သူ့ပေါင်ပေါ်က ယူကိုအား တစ်ချက်ငုံ့ကြည့်ပြီး ပေပွနေတဲ့ ယူကိုလက်တွေအား တစ်ရှူးဖြင့် အသာလေးသုတ်ပေးလေ၏။

“ယူကို ထခဲ့တော့ သူများပေါင်ပေါ်တက်ပြီးတော့ ဇိမ်ခံမနေနဲ့ အခုထခဲ့”

“မလာဘူး”

“ယူကို!”

“ကိုယ်အဆင်ပြေပါတယ် ကလေးနေတက်သလို နေပါစေ မင်းထပ်ပြီးမဆူပါနဲ့တော့”

တွေ့လားတွေ့လား။ မင်းကြောင့် ငါ့ကိုလူဆိုးကြီးလို မြင်နေပြီ။ တွေ့လား။ ငါမနိုင်သားရဲ့။

“ကျွန်တော်သူ့ကိုမဆူပါဘူး ရိုက်လည်းမရိုက်ဘူး တစ်ခါမှလည်း အဲ့ဒီလိုတွေ မလုပ်ဖူးဘူး”

ကိုးလ်အပြောကြောင့် ဂရီဖင်လ်က ယူကိုကိုတစ်ချက်ငုံ့ကြည့်ကာ။

“ဒါပေမယ့် ကလေးကမင်းကို ကြောက်နေပုံပဲ”

ပြောလိုက်ချင်ပါရဲ့။ အဲ့ဒါတမင်လုပ်ပြနေတာလို့။ သူလားကိုယ့်ကိုကြောက်မှာ။ ဝေးသေး။ ကိုယ်တောင် အမှုန့်ကြိတ်လို့ရရင် ကြိတ်မယ့်အမျိုး။

“ကျွန်တော်နာမည် ကိုးလ် သူကကျွန်တော်သား ယူကို”

သူ့အားမိတ်ဆက်လာပြီး မေးငေါ့ပြလာတဲ့ ထိုကောင်လေးက သူ့ပေါင်ပေါ်က ‌ကလေးလေးရဲ့ အဖေလို့မပြောရဘူး။ အမူအကျင့်တွေက အတူတူပဲ။

စောနကလည်း ပေါင်ပေါ်က ကလေးလေးက ဒီလိုပဲ ကိုယ့်ကိုမေးငေါ့ပြပြီး နာမည်ပြန်မေးတာမဟုတ်လား။

“ကိုယ့်နာမည် ဂရီဖင်လ် ဒါကကိုယ့်ရဲ့ လက်ထောက် ဒန်တီ”

ကိုးလ်တစ်ယောက် ဂရီဖင်လ်အား အကဲခတ်သလိုသေချာကြည့်ပြီး ဒန်တီကိုပါသေချာ အကဲခတ်လေရဲ့။ ကိုးလ်အနေနဲ့ ဂရီဖင်လ်ကို စစတွေ့ကတည်းက သဘောကျမိပေမယ့် ဒါကသေချာသလား မသေချာသလား ဆိုတာတော့ သူအတက်မသိသေး။

-HOW TO DATE WITH SINGLE FATHER-Where stories live. Discover now